Author: vanko
•7:26 PM




ဒီကနေ့ ဇန်န၀ါရီ ၁၉ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ လူ့အခွင့်အရေးခေါင်းဆောင် မာတင်လူသာကင်း(ဂျူနီယာ)ကို ဂုဏ်ပြုကြတဲ့နေ့ဖြစ်ပါတယ်။ ဒီကနေ့ အထိမ်းအမှတ်အဖြစ်နဲ့ မြန်မာ့လူ့အခွင့်အရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မာတင်လူသာကင်းအမှတ်တရဆု Trumpet of Conscience Award ကို ချီးမြှင့်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် တက် ကနေဒီ (Ted Kennedy)၊ အောက်လွှတ်တော်အမတ် ဂျွန် လီးဝစ် (John Lweis) နဲ့ ဘုန်းတော်ကြီး ကလောဒီ ဘလက် (Claude Black) တို့ကိုလည်း အတူချီးမြှင့်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ လူမည်းအမျိုးသားတွေအတွက် လူ့အခွင့်အရေးတွေအတွက် အကြမ်းမဖက် တိုက်ပွဲဝင်ခဲ့တဲ့ မာတင်လူသာကင်းလိုပဲ မြန်မာပြည်မှာလဲ မြန်မာပြည်သူပြည်သားတွေရဲ့ လူ့အခွင့်အရေးတွေအတွက် အကြမ်းမဖက် တိုက်ပွဲဝင်နေတဲ့ အမေစုကိုလည်း တစ်နေ့နေ့မှာ မြန်မာပြည်သူပြည်သားတွေက တလေးတစားနဲ့ အမှတ်တရ ဂုဏ်ပြုကြမှာ အသေအချာပဲ ဖြစ်ပါတယ်။

၁၉၂၉ ခုနှစ်မှာမွေးဖွားခဲ့တဲ့ မာတင်လူသာကင်းဟာ မဟတ္တမဂန္ဒီလိုပဲ အကြမ်းမဖက်တဲ့နည်းနဲ့ လူ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၁၉၆၄ မှာ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပြီး ၁၉၆၈ခုနှစ် ဧပြီလ ၄ရက်နေ့မှာ လုပ်ကြံခံရတဲ့အတွက် ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ I have a dream မိန့်ခွန်းဟာ ထင်ရှားတဲ့မိန့်ခွန်းတစ်ခုဖြစ်ပါတယ်။ မာတင်လူသာကင်းအကြောင်းကို သိသလောက်ရေးဖို့စိတ်ကူးမိပေမယ့် ရှာရင်းဖွေရင်း မြန်မာဝီကီမှာ အဆင်သင့်ရေးပြီးသားတွေ့တာနဲ့ အဲဒီကပဲ ကူးပြီးပြန်ဖော်ပြလိုက်ပါတယ်။ အဲလိုကူးယူလို့ ရ မရတော့ မသိဘူးပေါ့ဗျာ။ အင်္ဂလိပ်ဝီကီကတော့ ဒီလိုပဲ ကူးယူနေကျပဲဆိုတော့ ရမယ်ထင်ပါတယ်။

မာတင်လူသာကင်း
From Myanmar Online Encyclopedia

မာတင်လူသာကင်း (Martin Luther King Jr) ( January 15,1929-April 4,1968) သည် အာဖရိကန်-အမေရိကန် သင်းအုပ် ဆရာတစ်ယောက်ဖြစ်ပြီး အမေရိကန် လူ့အခွင့်ရေးလှုပ်ရှားသူများထဲတွင် တက်ကြွထင်ရှားသော သူတစ်ယောက်ဖြစ်သည်။ သူ၏ ထင်ရှားခဲ့သော ဂုဏ်ရည်မှာ အမေရိကန်လူ့အခွင့်အရေးကို ပိုမိုထိရောက်သော အဆင့်အဖြစ်သို့ပို့ဆောင်ပေးနိုင် ခဲ့ခြင်းဖြစ်သည်။ မာတင်လူသာကင်း အား ယနေ့တိုင်ပင် လူ့အခွင့်အရေး သင်္ကေတ တစ်ခုအဖြစ် မကြာခဏ ရည်ညွှန်း ပြောဆိုလေ့ရှိကြသည်။

ကင်းသည် သင်းအုပ်ဆရာတော် ဖြစ်လာပြီးနောက် လူ့အခွင့်အရေး လှုပ်ရှားမူ့များတွင် ပါဝင်ဆောင်ရွက်လာလေသည်။ သူသည် မောင်ဂိုမာရီ ဘတ်(စ)ကားလိုင်းအား သပိတ်မှောက်မူ့တွင် ဦးဆောင်ခဲ့ပြီး၊ တောင်ပိုင်း ခရစ်ယာန်ခေါင်းဆောင်မူ့ ညီလာခံ နှင့် သားဖွားဆရာမ သင်တန်းသူများ၏ အကြမ်းမဖက်ရေး ပူးပေါင်းဆောင်ရွက်မူ့ကော်မတီ စသည်တို့ကို ဖွဲ့စည်းပေးခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ကင်းသည် ဘာမင်ဟန်သို့ချီတက်ကာ I Have a Dream ဟူသော မိန့်ခွန်းကို ဟောပြောခဲ့သည်။ ထိုနေရာတွင် သူသည် လူထု၏ လူ့အခွင့်အရေးအမြင်များအား နိုးကြားစေခဲ့ကာ သူကိုယ်တိုင်သည်လည်း အမေရိကန်သမိုင်းတွင် စည်းရုံးဟောပြောခြင်း အကောင်းဆုံးသူများထဲမှ တစ်ယောက်ဖြစ်လာသည်။

သူ၏ အကြမ်းမဖက်ရေးလှုပ်ရှားမူ့များကြောင့် ၁၉၆၄ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်လ ဆုကိုရရှိခဲ့သည်။ သူသေမည့်၁၉၆၈ ခုနှစ်ထဲတွင် သူ၏ ဆင်းရဲမွဲတေမူ့လျော့ချခြင်း နှင့် ဗီယက်နမ် စစ်ပွဲအား ဆန့်ကျင်သည့် အချက်အား ဘာသာရေး ရှု့ထောင့် မှနေ၍ ပြန်လည်သုံးသပ်ခဲ့သည်။

ကင်းသည် ၁၉၆၈ ခုနှစ် ဧပြီ ၄ ရက်နေ့တွင် တန်နက်စီပြည်နယ်၊ မင်းဖစ်မြို့တွင် လုပ်ကြံခံခဲ့ရသည်။ သူသေဆုံးပြီးနောက် လည်း သူ့အားဂုဏ်ပြုကာ ဆုတံဆိပ်များစွာ ချီးမြှင့်ခဲ့ကြသည်။ ၁၉၇၇ တွင် Presidential Medal of Freedom ဆုကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ်တွင် Congressional Gold Medal ဆုတံဆိပ်ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ ၁၉၈၆ ခုနှစ်တွင် မာတင်လူသာကင်းနေ့ ဟူ၍ အမေရိကန်တစ်နိုင်ငံလုံး အားလပ်ရက်အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ကြသည်။

ဒီထက်ပိုပြီး အပြည့်အစုံဖတ်ချင်ရင်တော့ ဒီလင့်ကလေးကို သွားပါခင်ဗျာ။ မြန်မာဝီကီလင့်ပါ။

မာတင်လူသာကင်းရဲ့ ကမ္ဘာကျော် I have a dream ဆိုတဲ့ မိန့်ခွန်းကို နားထောင်ချင်ရင်တော့ ဒီလင့်ကလေးကို သွားပါ။

အဲဒီမိန့်ခွန်းစာသား အပြည့်အစုံလိုချင်ရင်တော့ ဒီမှာ ဒေါင်းလို့ရပါတယ်ခင်ဗျာ။
Author: vanko
•9:27 PM



နအဖစစ်အစိုးရဟာ မကြာသေးမီလေးကပဲ မြန်မာသတင်းမီဒီယာများကို သတင်းထုတ်ပြန်ရာမှာ လိုက်နာဖို့ ခြိမ်းခြောက်ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်ပါတယ်။ ဒီ တရားဝင်ပုံနှိပ်ထုတ်ဖော်ပြခြင်းမရှိတဲ့ စာပေစီစစ်ရေးကထုတ်ပြန်တဲ့ ညွှန်ကြားချက်ထဲမှာ အယ်ဒီတာတွေ လိုက်နာဖို့ အချက် ၁၀ ချက်ပါဝင်ပြီးတော့ မလိုက်နာခဲ့ရင် ထောင်ဒဏ်အထိ အပြစ်ပေးအရေးယူမယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ Reporters Without Borders နဲ့ ပူးတွဲအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Burma Media Association တို့တော့ မြန်မာပြည်မှာ သတင်းအမှောင်ချဖြတ်တောက်မှုတွေ ကြီးစိုးနေပြီး စစ်အစိုးရဟာ သူတို့အရှက်ရစေမယ့် သတင်းတွေကို ဆင်ဆာပိုက်ကွန်ထဲက လွတ်ထွက်မသွားရအောင် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ ဒီသတင်းချုပ်ချယ်ကန့်သတ်မှုကြောင့် ပုဂ္ဂလိကပိုင် သတင်းဌာနတွေအနေနဲ့ အများပြည်သူကို သတင်းပေးရာမှာ ပိုမိုပြီးအခက်အခဲတွေ တွေ့လာစေပါတယ်။

နအဖ စစ်အစိုးရဟာ အခုလို တစ်ဖက်က သတင်းမီဒီယာတွေကို ချုပ်ကိုင်ပြီး သတင်းအမှောင်ချဖို့ ကြိုးစားနေသလို ပြည်ပသတင်းဌာနတွေရဲ့ မီဒီယာဝက်ဘ်ဆိုက်တွေကိုလည်း အင်တာနက်အဖျက်သမားတွေ ငှားရမ်းပြီး နှောက်ယှက်နေပါတယ်။ တစ်ချိန်ထဲမှာပဲ ဒီမိုကရေစီရေး ရှေ့နေလိုက်ပေးကြတဲ့ ဥပဒေအကျိုးဆောင်တွေကိုလည်း ထောင်ချခြင်း၊ တရားစွဲဆိုခြင်းများနဲ့ ခြိမ်းခြောက်နေပါတယ်။

အခုလက်ရှိမှာပဲ နိုင်ငံရေးအမှုတွေမှာ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေ ကိုညီညီထွေးနဲ့ ကိုစောကျော်ကျော်မင်းတို့ကို ထောင်ဒဏ် ၆ လစီ အပြစ်ပေးခဲ့ပြီး NLD ရှေ့နေကြီး ဦးအောင်သိန်းနဲ့ ဦးခင်မောင်ရွှေတို့ကိုလည်း တရားရုံးကိုမထီမဲ့မြင်မှု ပုဒ်မ ၃ နဲ့ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။ တကယ်တော့ နိုင်ငံတော် တရားစီရင်ရေးတစ်ခုလုံးဟာ တရားဥပဒေနဲ့ ပြည်သူပြည်သားတွေရဲ့ ဆန္ဒကို မထီမဲ့မြင်ပြုပြီး နအဖ အလိုကျ ကြိုးဆွဲရာကနေတဲ့ မတရားရုံးတွေသာဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲနီးလာလေ နအဖရဲ့ ဖုံးမနိုင်ဖိမရ အာဏာငမ်းငမ်းတက်မှုဟာ ပိုပြီးပေါ်လွင်ထင်ရှားလာလေပါပဲ။ (ဆရာမောင်စူးစမ်း စကားအရ) ဒီမိုကရေစီ ရွေးကောက်ပွဲရဲ့ စပွန်ဆာဆိုပြီး နာမည်ကောင်းရဖို့ အသံလွင့်နေချိန်မှာပဲ ဒီမိုကရေစီရဲ့ အခြေခံအခွင့်အရေး အနှစ်သာရတွေကို ပိုမိုပြီးဖျောက်ဖျက်ပစ်ဖို့ ကြိုးစားလာပါတယ်။ မီဒီယာတွေကို ဖိနှိပ်၊ တရားစီရင်ရေးစနစ်ကို ဖျက်ဆီးပြီး ပြည်သူလူထုကို ရန်သူလိုစောင့်ကြည့်လာပါတယ်။ နိုင်ငံမှာ ခိုးဆိုးလုယက်မှုတွေ ပိုမိုများပြားလာပြီး ပြည်သူ့ရဲတပ်ဖွဲ့ကတော့ လူဆိုးဖမ်းမယ့်အစား ပြည်သူကို မျက်လုံးထောက်ထောက်ကြည့်နေတဲ့ အနေအထားဖြစ်နေပါတယ်။

ပြောရမယ်ဆိုရင်တော့ စစ်အစိုးရဟာ တိုင်းပြည်နဲ့ လူထုအတွက် ဘာမှအလေးထားတာမဟုတ်ပဲ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားရေးကိုသာ သဲကြီးမဲကြီး လုံ့လစိုက်နေတာပါ။ ဒီလို စေတနာမမှန်တဲ့ စစ်အစိုးရက စစ်ကျွန်သက်ရှည်ဖို့ ရေးဆွဲထားတဲ့ ဥပဒေအတိုင်းသာ သွားရင်တော့ တိုင်းပြည်ဟာ လုံးလုံးကို ချောက်ထဲကျမှာ မလွဲပါပဲ။ နအရဲ့ စစ်ကျွန်ပြုရေး ဥပဒေနဲ့ ရွေးကောက်ပွဲကို အားလုံး ၀ိုင်းဝန်းဆန့်ကျင်ကြပါစို့။
Author: vanko
•7:50 AM

UK အခြေစိုက် New Statesman သတင်းဝက်ဘ်ဆိုဒ်မှာ မြန်မာ့ကျောက်စိမ်းထုတ်လုပ်မှုနဲ့ ပါတ်သက်တဲ့ သတင်းတစ်ပုဒ် ဖော်ပြထားပါတယ်။ မြန်မာ့ကျောက်စိမ်းနဲ့ လက်ဝတ်ရတနာတွေဟာ ကမ္ဘာ့ဈေးကွက်မှာ ဒေါ်လာသန်းနဲ့ ချီပြီးရောင်းချနေရပါတယ်။ ဒါပေမယ့် မြန်မာ့ကျောက်စိမ်း ကုန်သွယ်ရေးကြောင့် ဒေသခံပြည်သူတွေ ထိခိုက်နစ်နာနေရမှုတွေ ရှိပါတယ်တဲ့။ အတင်းအဓမ္မခိုင်းစေမှုတွေ၊ ကလေးအလုပ်သမားတွေ၊ အဓမ္မနေရာဖယ်ရှားခံရတာတွေ၊ မူးယစ်ဆေးဝါးနဲ့ လိင်မှုကိစ္စအရှုပ်အထွေးတွေနဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဒေသခံ ၂၀၀၀၀ ထက်မနည်းဟာ နေရာတွေက ရွေ့ပြောင်းခံရပြီးတော့ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့အပေါင်းအပါ ကုမ္ပဏီတွေအတွက် အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှုတွေ ခံနေရပါတယ်။ ကျောက်စိမ်းတူးဖော်တာ၊ သွေးတာ၊ ရောင်းဝယ်ဖောက်ကားတာတွေ အားလုံးကို စစ်ဗိုလ်ချုပ်တွေက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။ အကျိုးအမြတ် အကြီးအကျယ်ရနေတဲ့ ဒီကုန်သွယ်ရေးရဲ့ အမြတ်ငွေတွေအားလုံးဟာ စစ်ဗိုလ်ချုပ်တွေအတွက် ဖြစ်နေပါတယ်။ နအဖဟာ လက်နက်ဝယ်ယူဖို့အတွက် တစ်နှစ်ကို ဒေါ်လာ သန်း၃၃၀ ခန့်သုံးနေပါတယ်။ ဒီပမာဏဟာ တိုင်းပြည်ရဲ့ ကျန်းမာရေးနဲ့ ပညာရေးအတွက် သုံးစွဲမှုစုစုပေါင်းထက် နှစ်ဆမကပိုပါတယ်။ တိုင်းပြည်ဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းမှာ ပါဝင်နေပြီး သာမန်လူတစ်ယောက်ရဲ့ ၀င်ငွေဟာ တစ်နေ့ကို ၁ ဒေါ်လာထက်နည်းပါတယ်။

အသက် ၃၀ ခန့်ရှိပြီဖြစ်တဲ့ ကျောက်စိမ်းတွင်းတူး အလုပ်သမားတစ်ယောက်က အခုလိုပြောပါတယ်။ “ကျွန်တော်တို့ ဘ၀တွေဟာ ပင်ပန်းဆင်းရဲပြီး စိတ်ပျက်စရာပါ။ ကျွန်တော်ဆို မူးယစ်ဆေးဝါးကို အမျိုးစုံအောင် သုံးစွဲပါတယ်။ ဘိန်းဖြူတို့ အရက်တို့ပေါ့။ ဘိန်းဖြူကို ဖားကန့်မှာရှိတဲ့ ဆိုင်တွေမှာ ၀ယ်လို့ရပါတယ်။ စစ်တပ်နဲ့ အာဏာပိုင်တွေကို ပိုက်ဆံပေးထားတဲ့အတွက် သူတို့ကို ဘယ်သူကမှ ပိတ်ခိုင်းမယ့်သူ မရှိပါဘူး။” မူးယစ်ဆေးဝါးသုံးထားခြင်းအားဖြင့် မနှစ်က ကျောက်စိမ်းခိုးဖို့ ကြိုးစားရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ သူ့သူငယ်ချင်းအကြောင်းကို မေ့ထားနိုင်တယ်လို့ သူကပြောပါတယ်။ “ကျွန်တော်တို့ ဘ၀တွေက ခက်ခဲကြမ်းတမ်းတယ်ဗျာ။ ကျွန်တော်လည်း စိတ်ညစ်ပျောက်ချင်တာနဲ့ ဘိန်းဖြူကို စသုံးမိသွားတာပါပဲ” လို့ပြောပါတယ်။

ကျောက်စိမ်းတွင်းတွေမှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ မကြားချင် မမြင်ချင်အဆုံးပါပဲလို့ နယူးယောက်အခြေစိုက် ရှေ့နေအဖွဲ့တစ်ဖွဲ့ရဲ့ အစီရင်ခံစာတစ်ခုထဲမှာ ဖော်ပြထားပါတယ်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေနဲ့ အကြမ်းဖက်မှုတွေကို စစ်အစိုးရက ကျူးလွန်နေပါတယ်။ ကျောက်စိမ်းအပယ်စ ဖြတ်စလေးတွေကို ယူမိတဲ့ ဒေသခံတွေဟာ အရိုက်အနှက်ခံရ၊ တခါတရံ အသက်ပါဆုံးရှုံးရတယ်လို့ ဆိုပါတယ်။

နအဖစစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းအပါတွေပိုင်တဲ့ ကုမ္ပဏီတွေနဲ့ ဒေသခံအာဏာပိုင်တွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ လိင်ကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ အဲဒီအစီရင်ခံစာမှာ စွပ်စွဲထားပါတယ်။ ဒါဟာ ဒေသတွင်းမှာ HIV/AIDS ရောဂါကို ကပ်ရောဂါတစ်ခုလို ပြန့်ပွားစေတယ်လို့ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ UNAIDS ရဲ့ခန့်မှန်းချက်မှာ မနှစ်က မြန်မာပြည်မှာ AIDS ရောဂါကူးစက်ခံထားရသူပေါင်း ၂၄၀၀၀၀ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

တရုတ်ပြည်ရဲ့ ကျောက်စိမ်းလိုအပ်ချက်ကလည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကို စိတ်ပူစေပါတယ်။ ဘေဂျင်းအစိုးရဟာ မြန်မာစစ်အစိုးရကို လက်နက်ရောင်းနေပြီး တရုတ်ကုမ္ပဏီ ၆၉ ခုဟာလည်း နအဖနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်နေပါတယ်။ စည်းမျဉ်းဥပဒေတွေအရ နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ ကိုယ်တိုင်ကျောက်စိမ်းတူးဖော်ခွင့် မရှိပါဘူး။ ဒါပေမယ့် မြန်မာကုမ္ပဏီနဲ့ဖြစ်ဖြစ် စစ်အစိုးရနဲ့ဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ခွင့်ရှိပါတယ်။ မြန်မာပိုင်ကုမ္ပဏီဆိုတာကလည်း နအဖဗိုလ်ချုပ်တွေနဲ့ သူတို့အပေါင်းအပါတွေသာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ သူ့ရဲ့စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မြန်မာ့သဘာဝဓါတ်ငွေ့ကိုလည်း မျက်စောင်းထိုးနေပါတယ်။

“တရုတ်ပြည်ရဲ့ မြန်မာအပေါ်ချည်းကပ်မှုကို နားလည်ချင်ရင်တော့ ကျယ်ကျယ်ပြန့်ပြန့် ကြည့်ရပါမယ်။ တရုတ်ပြည်ရဲ့ စွမ်းအင်လိုအပ်ချက်ဟာ တရုတ်ကုမ္ပဏီတွေကို မြန်မာ့သဘာဝဓါတ်ငွေ့ကဏ္ဍမှာ ပိုမိုပူးပေါင်းဆောင်ရွက်ကြဖို့ တွန်းအားပေးနေပါတယ်” လို့ Burma Project at EarthRights International ရဲ့ project co-coordinator, Matthew Smith ကပြောပါတယ်။ ဒါဟာ အပြန်အလှန်အားဖြင့်တော့ တရုတ်ပြည်ရဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး နိုင်ငံခြားရေးပေါ်လစီဟာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကျိုးသက်ရောက်စေတဲ့ ၀ိရောဓိဖြစ်စဉ်တစ်ခုပဲလို့ ဆိုပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပါတ်သက်ပြီး မြန်မာစစ်အစိုးရကို ဖိအားပေးဖို့ တရုတ်ပြည်ကို တိုက်တွန်းနေပေမယ့်လည်း တရုတ်ပြည်အနေနဲ့ ပေါ်ပေါ်ထင်ထင် နိုင်ငံရေးအရ ဖိအားပေးမှာမဟုတ်ဘူးလို့ ယူဆကြပါတယ်။ ဒါပေမယ့် တရားမ၀င် တိုက်တွန်းမှုတွေတော့ ရှိပါတယ်။ ဒါဟာလည်း မြန်မာပြည်အတွင်းမှာ တိုးတက်လာနေတဲ့ တရုတ်လူမျိုးဦးရေနဲ့ တရုတ်ပြည်ရဲ့ အကျိုးစီးပွားအပေါ်မှာသာ အခြေခံပါတယ်။

တရုတ်အနေနဲ့ မြန်မာပြည်နိုင်ငံရေး တိုးတက်ဖြစ်ထွန်းမှာကို လိုလားတဲ့ လက္ခဏာမရှိပါဘူး။ တရုတ်နဲ့ အိန္ဒိယတို့ဟာ မြန်မာပြည်တည်ငြိမ်ရေးနဲ့ ပါတ်သက်လို့ ယူဆထားတာတစ်ခုရှိပါတယ်။ စစ်အစိုးရရှိနေမှသာ မြန်မာပြည်ဟာ ခုပုံစံအတိုင်း တည်ငြိမ်နေနိုင်ပြီး စစ်အစိုးရပြုတ်ကျသွားခဲ့ရင် တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တိုက်ပွဲတွေဖြစ်လာပြီး မတည်မငြိမ်ဖြစ်လာနိုင်တယ်လို့ ယူဆထားကြပါတယ်။ ဒါဟာ နှစ်နိုင်ငံစလုံးရဲ့ ကိုယ်ကျိုးစီးပွားသက်သက်သာ ကြည့်မှုနဲ့ မြန်မာပြည်သူတွေကို အထင်သေးနှိမ့်ချတဲ့ သဘောထားကလွဲလို့ ဘာမှမဖြစ်နိုင်ပါဘူး။
Author: vanko
•6:48 PM
မနေ့က တနင်္ဂနွေနေ့မှာ ဒေါ်အောင်ဆန်းစုကြည်အိမ်အနားက လုံခြုံရေးတွေကို လျှော့ချလိုက်တယ်လို့ ဒီကနေ့ Bangkok Post သတင်းစာမှာ ဖော်ပြထားပါတယ်။ သံဆူးကြိုးအတားအဆီးတွေနဲ့ လုံခြုံရေးတွေကို ဖယ်ရှားထားတယ်လို့ ဆိုပါတယ်။ ကားတွေ လူတွေလည်း လမ်းမှာလွတ်လွတ်လပ်လပ် သွားလို့ရပြီလို့ သိရပါတယ်။ ဒီသတင်းကို NLD က ဦးဥာဏ်ဝင်းက အတည်ပြုပြောဆိုပါတယ်။ အရပ်ဝတ် လုံခြုံရေး ၃ ၄ ဦးတော့ ရှိတယ်လို့ဆိုပါတယ်။ ဒါဟာ စစ်အစိုးရနေနဲ့ သဘောထားပျော့ပြောင်းလာတာလား ဆိုတာကိုတော့ ဦးဥာဏ်ဝင်းက “မှတ်ချက်ပေးဖို့ စောပါသေးတယ်” လို့ ပြောပါတယ်။

ဒီလို လုံခြုံရေးတွေကို လျှော့ချပေးတာဟာ စနေနေ့က ကျင်းပခဲ့တဲ့ ASEM အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးဖို့ ဖိအားပေးတောင်းဆိုခဲ့တာနဲ့လည်း ပတ်သက်နိုင်တယ်လို့ ယူဆကြပါတယ်။ အာဆီယံနဲ့ ဥရောပ ခေါင်းဆောင်တွေ တက်ရောက်တဲ့ ၇ ကြိမ်မြောက် ASEM ထိပ်သီအစည်းအဝေးကို စနေနေ့က ဘေဂျင်းမှာ ကျင်းပခဲ့ပါတယ်။ တရုတ်ကြီးအနေနဲ့ မြန်မာအစိုးရကို နိုင်ငံတကာကို လှည့်စားဖို့အတွက် ဒီလိုလုပ်ဖို့ တိုက်တွန်းကောင်း တိုက်တွန်းပါလိမ့်မယ်။ သူ့မြေပေါ်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတောင်းဆိုချက်ကို သူ့သြဇာခံနောက်မြီးဆွဲနိုင်ငံတစ်ခုက လုံးဝဂရုတစိုက်မရှိဘူးဆိုရင် သူ့ရဲ့ နိုင်ငံရေးသိက္ခာကို ထိပါးမှာ စိုးတယ်ထင်ပါတယ်။

အခုလို လုံခြုံရေးလျှော့ချပေးတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးကောင်းပေးမယ်ဆိုတဲ့ မျှော်လင့်ချက်အတုပေးပြီး နိုင်ငံတကာ ဖိအားတွေကို လျော့ပါးသွားအောင် လုပ်တာပဲဖြစ်မယ်ထင်ပါတယ်။ နအဖဟာ ဒါမျိုးတွေလုပ်လာတာ ကြာပါပြီ။ စိတ်ရင်းစေတနာမှန်နဲ့ မဟုတ်တာတော့ မြေကြီးလတ်ခတ်ရင်သာ လွဲချင်လွဲပါလိမ့်မယ်။ ကျွန်တော့အထင်တော့ နအဖ ကိုယ်တိုင်လည်း အကျဉ်းအကျပ်ထဲမှာ ချောင်ပိတ်မိနေပါပြီ။

ပြီးခဲ့တဲ့ သောကြာနေ့ကပဲ အမေရိကန်နိုင်ငံခြားရေးဌာနက ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိလွတ်ပေးဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်ကွင်တားနားကလည်း နအဖဟာ အရပ်သားအစိုးရတစ်ရပ် ဖြစ်ပေါ်လာဖို့ ဘာမှပြင်ဆင်ထားမှုမရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။ စစ်အစိုးရရဲ့ အမျိုးသားညီလာခံဟာလည်း အတုအယောင်သာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ အီးယူနဲ့ သြစတြေးလျတို့ကလည်း ၂၀၁၀ ရွေးကောက်ပွဲ အကြောင်းသိပ်မပြောကြတော့ပဲ အမျိုးသားရင်ကြားစေ့ရေးကိုသာ ဦးတည်ပြီး ဖိအားပေးနေတဲ့အတွက် စစ်အစိုးရရဲ့ (ငရဲသို့) လမ်းပြမြေပုံဟာ ဆင်ပြောင်ကြီး အမြီးကျမှ တစ်ရမယ့်ကိန်းဆိုက်နေပြီလားလို့ တွေးမိစရာပါ။ ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံစေချင်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အရင်လွတ်ပေး၊ တိုင်းရင်းသားလူမျိုးစုတွေပါအပါအ၀င် တွေ့ဆုံဆွေးနွေး၊ အခြေခံဥပဒေကို ဒီမိုကရေစီစံနဲ့ ကိုက်ညီမှသာ ကုလသမဂ္ဂနဲ့နိုင်ငံတကာက လက်ခံမယ့် အနေအထားမျိုးကို ဦးတည်နေပါတယ်။

အခုတစ်လောမှာလည်း အရပ်သားအစိုးရတက်လာတဲ့အခါ ဘိုသန်းရွှေက သမ္မတရာထူး၊ ဘိုမောင်အေးက ဒုသမ္မတ၊ တင်အောင်မြင့်ဦးက ၀န်ကြီးချုပ်ရာထူးတွေ ယူမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ နအဖအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အပိုင်တွက်ချက်ထားကြတာပါ။ ဒီသတင်းတွေ ထွက်ပေါ်လာတာကြောင့် သူတို့ရဲ့ အောက်တန်းကျမှု၊ ညစ်ပတ်မှုတွေကို ပိုသိလာပြီး နအဖအတွက် ကုလနဲ့နိုင်ငံတကာကို ဖျောင်းဖျလှည့်စားဖို့ ပိုခက်လာတဲ့ သဘောရှိပါတယ်။ နအဖရဲ့ အပိုင်တွက်ကိန်းဟာ အထစ်အငေါ့လေးတွေ တွေ့လာရပါပြီ။ ၆၂ ခုနှစ်ကစလို့ စစ်အစိုးရအနေနဲ့ အကြိမ်ကြိမ်း ကျဉ်းထဲကျပ်ထဲ ရောက်ခဲ့ဘူးပေမယ့် ဒီမိုဘက်တော်သားများက ဘယ်အခါမှ အခွင့်ကောင်းမယူနိုင်ခဲ့ကြပါဘူး။ အကြောင်းကြောင်းတွေကြောင့် ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့လက်ညှိုးထိုးနဲ့ပဲ စစ်အစိုးရပြုသမျှ နုခဲ့ကြရတာပါ။ ဒီကနေ့ ကျွန်တော်တို့ ဒီမိုကရေစီဘက်တော်သားများအနေနဲ့ရော Plan A တွေ၊ Plan B တွေ တိတိကျကျ ရှိကြရဲ့လားလို့ သိချင်ပါတယ်။
Author: vanko
•9:07 PM
NLD လူငယ်တွေနုတ်ထွက်ခဲ့ကြတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ခွပ်ဒေါင်းသွေး ဘလော့ဂ်က ပြန်လည်ရှင်းလင်းထားတာကို ဖော်ပြလိုက်ပါတယ်။ နိုင်ငံ့အရေးအတွက် စည်းလုံးမှု အရေးတကြီးလိုအပ်နေချိန်မှာ အခုလို အကွဲအပြဲသတင်းတွေ မကြားချင်တာအမှန်ပါ။ ဒီသတင်းနဲ့ ပတ်သက်လို့ NLD အနေနဲ့လည်း ပြည်သူကို အဖြစ်မှန်ကို ရှင်းလင်းတင်ပြသင့်တယ် ထင်ပါတယ်။ တကယ်လို့ ဒီကိစ္စဟာ သွေးခွဲသပ်လျှိုလို့ဖြစ်ရတာဆိုရင်လည်း အမြန်ဆုံးဖော်ထုတ် ရှင်းလင်းသင့်ပါတယ်။

ခွပ်ဒေါင်းသွေး ဘလော့ဂ်မှာဖော်ပြထားတာကို ပြန်လည်တင်ပြလိုက်ပါတယ်။

NLD ပါတီ ၀င် လူငယ် ( ၁၀၀ ) ကျော် နုတ်ထွက် ခဲ့ ကြသည် ဟု သတင်းများ ပြည်တွင်း ပြည်ပ တွင် ပျံ နှံ နေ သည့် အတွက် ၊ ပြည်တွင်း ပြည်ပ ရှိ ဒီမိုကရေစီ အင်အားစုများ အမှန်တကယ် ဖြစ်ရပ် အပေါ် သိမြင် စေရန် တင် ပြလိုက် ရ ပါသည် ။

ပြီးခဲ့ သည် ရက် ပိုင်းများက မီဒီယာ များတွင် ပါရှိလာ သော လူငယ်များ ၏ နုတ်ထွက်ကြောင်း လက် မှတ်ထိုးကြသည် လူငယ် အများစု သည် ပါတီ ပြင်ပ မှလူငယ်များဖြစ် ကြပြီး ပါတီတွင် တရားဝင် အသင်း ၀င် ထားသူများမဟုတ်ကြပါ ။ အချို့ သော မြို့  နယ်များရှိ ပါတီဝင် လူငယ် များသည် ထိုသူတို့  ကိုယ်တိုင် ပင် မသိ ရှိလိုက် ပဲ နုတ်ထွက် သည့်  အထဲ တွင် ပါ ၀င် နေသည် ကို တွေ့  ရပါသည် ။ ထိုကဲ့ သို မိမိဆန္ဒ သဘော ထား မပါ ပဲ နုတ်ထွက် သည့်  အထဲတွင် ပါဝင်နေသော လူငယ်များသည် အချိန်မှီ ဖြေရှင်း နိုင်ရန်ဆောင်ရွက် နေပြီ ဖြစ် ပါသည် ။ အမှန်တကယ် နုတ်ထွက် သည့်  လူငယ်များမှ ခန်မှန်းခြေ အားဖြင့်  ( ၁၅ ) ယောက် ၀န်းကျင် သာရှိပါသည် ။ ကျန်သည့်  လူငယ် များမှာ ယခု ကိစ္စ ကို ဦးဆောင် နေသူများ၏ တဖက်လှည့်  ဖြင့် သွေး ဆောင် သိမ်းသွင်း ခြင်းခံ လိုက် ကြရသော လူငယ် များဖြစ်ပါသည် ။

မီဒီယာများတွင် ပါရှိလာသည့်  လူငယ်( ၁၀၀ ) ကျော် နုတ်ထွက် သည် ဆိုသော်လည်းပဲ အမှန်တကယ် လူငယ်ပါတီ ၀င် များမဟုတ်သည် အတွက် ဒီမိုကရေစီ အင်အားစု များအနေဖြင့်  အဆိုပါကိစ္စအား စိုးရိမ်ကြောင့် ကြ နေရန် မလိုပါကြောင်း အသိ ပေး လိုက် ရပါသည် ။

ယခုကဲ့သို့ ပါတီ ၀င် လူငယ် များအကြားစိတ်ဝမ်း ကွဲ စေရန် ၊ ပါတီအား အင်အားယုတ်လျှော့ စေ ရန် သပ်လျှိုသွေးခွဲလုပ်ဆောင် နေသူများအား ဒီမိုကရေစီအင်အားစုများအနေနှင့်  ၀ိုင်းဝန်း ဆန့် ကျင် သွားကြပါရန် နိုးဆော် လိုက် ရ ပါ သည် ။
Author: vanko
•10:26 PM
ဒီကနေ့ဖတ်ရတဲ့ NLD လူငယ် ၁၀၀ ကျော်နုတ်ထွက်သွားတယ်ဆိုတဲ့ သတင်းကတော့ ဘယ်လိုမှမျှော်လင့်မထားတဲ့ သတင်းမို့ ဘာကို ဘယ်လို ကောက်ချက်ချရမှန်းကို မသိဖြစ်ရပါတယ်။ နုတ်ထွက်သွားကြတဲ့ လူငယ်များကတော့ လူကြီးပိုင်း (အထူးသဖြင့် ဥက္ကဌ ဦးအောင်ရွှေဟာ) လူငယ်တွေရဲ့ တင်ပြချက်တွေ သဘောဆန္ဒတွေကို လစ်လျှူရှုခဲ့တယ်လို့ စွတ်စွဲကြပါတယ်။ နုတ်ထွက်သွားကြတဲ့ လူငယ်တွေရဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေ သဘောတရားရေးရာခံယူချက်တွေ နိုင်ငံရေးအတွေးအခေါ်တွေ ဘယ်လိုရှိတယ်ဆိုတာ မသိလို့ ဘယ်သူကမှန်တယ် မှားတယ်လို့လဲ ရမ်းသမ်းထင်မြင်ချက် မပေးလိုသေးပါဘူး။ သတင်းဌာနများက ဖေါ်ပြထားတဲ့ သူတို့တွေရဲ့ စကားသံတွေကိုပဲ လောလောဆယ်ဆယ်မှာ ပြန်ဖောက်သည်ချလိုက်ပါတယ်။

ဒီကိစ္စဟာ ငယ်ငယ်က ကြားဖူးတဲ့ သီချင်းထဲကလို “နှစ်ဆတိုးတာဟာလေ.. ဗမာ့တန်ခိုးပါဗျ..” ဆိုတာလို တစ်မွှာက နှစ်မွှာ၊ နှစ်မွှာက လေးမွှာ၊ နောက် အစိတ်စိတ်အမွှာမွှာ ကွဲကြမယ့် အက်ကွဲကြောင်းရဲ့ အစမဖြစ်ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။

Mizzima News
"ကျနော်တို့ အနာဂတ်ကို ဦးဆောင်မယ့်သူကို ကျနော်တို့ အများသဘောတူ ရွေးချယ်ချင်တယ်။ ကျနော်တို့ကို ဦးဆောင်မယ့် လူငယ်က မြန်မာပြည်သူတွေကို ဦးဆောင်နိုင်ရမယ်။ နိုင်ငံရေး စိတ်ဓာတ်ရှိဖို့ လိုတယ်။ ဒါကြောင့် နှုတ်ထွက်မယ်" ဟု ယခင်က လူငယ်လုပ်ငန်းအဖွဲ့ (ဗဟို) မှ သတင်းနှင့် ပြန်ကြားရေး ကော်မတီ အဖွဲ့ဝင်တဦးဖြစ်သူ ကိုနေခြည်ဝင်းက ပြောသည်။

"ကျနော်တို့ကို တချို့က ပါတီကို ပြိုကွဲအောင် လုပ်တယ်လို့ ဝေဖန်တာတွေ ရှိမှာပါ။ ခံနိုင်ပါတယ်။ ဒါပေမယ့်လို့ ကျနော်တို့ အမြင်မှာ အလုပ်မဖြစ်တဲ့ စက်ခေါင်းကို တွန်းနေမယ့်အစား ကိုယ့်ခြေထောက်ပေါ် လျှောက်တာပဲ ကောင်းမယ်လို့ ယူဆလို့ လမ်းခွဲပါတယ်"

နှုတ်ထွက် လူငယ်အများစုမှာ လှည်းတန်း၊ ကမာရွတ်၊ အင်းစိန်၊ တွံတွေး၊ ပန်းပဲတန်း၊ ကျောက်တံတား၊ မရမ်းကုန်း၊ တောင်ဒဂုံ၊ သန်လျင်၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ မင်္ဂလာတောင်ညွန့် စသည့်မြို့နယ်များမှ ဖြစ်ကြသည်။

အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ယခုလို အစုလိုက် အပြုံလိုက် နုတ်ထွက်ကြခြင်းနှင့် ပတ်သက်ပြီး ပါတီဌာနချုပ် အနေဖြင့် မည်သည့် သဘောထားကိုမှ မဆုံးဖြတ်သေးကြောင်း ပြောသည်။

"လူငယ်တွေ နှုတ်ထွက်သွားတာနဲ့ ပတ်သက်ပြီးတော့လည်း အန်ကယ်တို့ ဆုံးဖြတ်ရမယ့် ကိစ္စတွေလေ။ သူတို့အနေနဲ့ အခုချိန် မပြောချင်သေးဘူးလို့ ပြောပါတယ်။ အခုချိန် ဘာမှ မသိရသေးဘူး။ သတင်း မထုတ်ပြန်သေးနဲ့လို့ ပြောထားလို့ မပြောပါရစေနဲ့" ဟု ဦးဥာဏ်ဝင်းက ပြောသည်။

နှုတ်ထွက်ရာတွင် ပါဝင်သူ ရှေ့နေ စောကျော်ကျော်မင်းက လူငယ်ဖွဲ့စည်းပုံအတွင်း ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ရာတွင် မြို့နယ်လူငယ်များ၏ သဘောဆန္ဒအား ပါတီ ဥက္ကဌ ဦးအောင်ရွှေက မျက်ကွယ်ပြုခဲ့ခြင်းကြောင့် နှုတ်ထွက်ကြခြင်း ဖြစ်သည်ဟု ပြောသည်။

"ကျနော်တို့ မူဝါဒအရ တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အဖွဲ့ချုပ်ကနေ လူငယ်တွေ စောင့်ဆိုင်းနေတာကို ပယ်ချလိုက်တယ်။ အဖွဲ့ချုပ်ရဲ့ အပြန်အလှန် ပြန်လည် လေးစားလိုက်နာရေး ဆိုတဲ့ အချက်ကို ပယ်ဖျက်လိုက်တာ ဖြစ်တယ်။ ချိုးဖောက်လိုက်ခြင်း၊ ဆန့်ကျင်လိုက်ခြင်း ဖြစ်တယ်။ လူငယ်တွေကို အရေးမထားဘူးလို့ ခံစားချက်နဲ့ နားလည်တာ မဟုတ်ဘူး။ အသိတရားနဲ့ ခံယူလိုက်ခြင်း ဖြစ်ပါတယ်"


The Irrawaddy News
နှုတ်ထွက်ကြသည့် လူငယ်အများစုသည် ရန်ကုန်တိုင်းမှဖြစ်ကြသည်ဟု နှုတ်ထွက်သူတဦးဖြစ်သည့် ကိုနေခြည်ဝင်းက ပြောသည်။

နှုတ်ထွက်သူများထဲမှ ကိုခင်ထွန်းကလည်း “လူငယ်နဲ့ပတ်သက်တဲ့ကိစ္စကို ဆောင်ရွက်တဲ့နေရာမှာ လူငယ်တွေရဲ့သဘော ထားကို ရယူပြီးမှဆောင်ရွက်စေချင်တယ်လို့ ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေကို လူငယ်တွေက မေတ္တာရပ်ခံကြပါတယ်။ လူငယ် တွေရဲ့တောင်းဆိုမှုဟာ သဘာဝကျတယ်၊ တရားမျှတမှုရှိတယ်။ လူငယ်တာဝန်ခံတယောက်အနေနဲ့ ကိုယ့်လူငယ်တွေရဲ့ အဆို၊ တရားမျှတတဲ့စိတ်ဆန္ဒကို ဆောင်ရွက်မပေးနိုင်ရင် လူငယ်တာဝန်ခံလုပ်ရတာ ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး။ ဒီအချက်တွေပေါ်မူတည်ပြီး လူငယ်တွေနဲ့အတူ ရပ်တည်သင့်တယ်လို့ယုံကြည်တာကြောင့် နှုတ်ထွက်လိုက်တာပါ” ဟု ဧရာဝတီကို ပြောသည်။

ကိုခင်ထွန်းသည် လူငယ်ပြန်လည်ဖွဲ့စည်းရေးအောက်မြန်မာပြည်တာဝန်ခံဖြစ်ပြီး အသစ်ဖွဲ့စည်းလိုက်သည့် လူငယ်အကြံ ပေးအဖွဲ့တွင်လည်း ပါဝင်သည်။ ၎င်းအား သူ၏ဆန္ဒမပါဘဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လူငယ်အကြံပေးပုဂ္ဂုလ်အဖြစ် ထည့်သွင်းရွေးချယ်ခဲ့သည်ဟုလည်း ကိုခင်ထွန်းက ပြောသည်။

လူငယ်အကြံပေးအဖွဲ့မှ ကိုထွန်းဇော်ဇော်နှင့် လူငယ်အဖွဲ့သစ်၏ အုပ်ချုပ်ရေးတာဝန်ခံဖြစ်သည့် ကိုစောမောင်သိန်း တို့လည်း နှုတ်ထွက်သူများတွင်ပါဝင်ကြောင်း သိရသည်။

“လူငယ်အဖွဲ့သစ်ဖွဲ့တာကို ဘယ်သူမှစိတ်မ၀င်စားဘူး။ ဒီနေ့ အဖွဲ့ချုပ်ဝင်တွေနဲ့ ပြည်သူလူထုစိတ်ဝင်စားနေတာက အဖွဲ့ချုပ် က ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုကျော်ဖြတ်မလဲ၊ ၂၀၁၀ မှာ ပြည်သူကိုဘယ်လိုဦးဆောင်မလဲ၊ ပြည်သူ့အတွက် ဘာတွေ ပြင်ဆင်ထားသလဲ … ဒါကိုသိချင်တာ၊ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ ညှိနှိုင်းမှုတွေ များများလုပ်ရမယ်။ လိုအပ်ရင် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ပြည်နယ်နဲ့ တိုင်းကလူတွေ များများခေါ်တွေ့ပြီး လူထုယုံကြည်ထောက်ခံမှုပြန်လည်ရ ရှိအောင် လုပ်ရမယ့်အချိန်ဖြစ်တယ်လို့ ကျနော်အကြံပြုခဲ့ပါတယ်” ဟု ကိုခင်ထွန်းက ပြောသည်။

ဥပဒေဘောင်အတွင်းမှနေ၍ တနိုင်တပိုင်လုပ်ကိုင်နိုင်သည့် လူထုအကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည် ဟုလည်း ၎င်းက ပြောသည်။

“လက်ရှိဗဟိုအလုပ်အမှုဆောင် ဘဘတို့ကော နောက်ထပ်ဖြည့်ထားတဲ့ ဘဘဦးဝင်းတင်၊ ဆရာဦးခင်မောင်ဆွေ တို့ကို ပြောချင်တာက အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုတိုင်းမှာ ဗဟိုအလုပ်အမှုဆောင်တဖွဲ့လုံးရဲ့ ညီညွတ်တဲ့ဆုံးဖြတ်ချက်နဲ့ ဦးဆောင်နိုင် အောင်ကြိုးစားကြပါလို့ ကျနော့်အနေနဲ့ အကြံပြုချင်တာပါ” ဟု ကိုခင်ထွန်းက ဆက်ပြောသည်။
Author: vanko
•7:26 PM
အစ်မမေအိခင်ထံမှ တဆင့်ဖော်ပြပါသည်။


Author: vanko
•7:16 PM
NEJ News 16 Oct 2008

အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ လူငယ်ဆိုင်ရာ ဆုံးဖြတ်ချက်ကို သဘောမတူသည့် အတွက် ရန်ကုန်တိုင်း (၁၁) မြို့နယ်မှ အန်အယ်လ်ဒီ လူငယ် (၁၀၀) နီးပါး ယနေ့ အဖွဲချုပ်သို့ နုတ်ထွက်လွှာ တင်သွင်းခဲ့ကြသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့ဝင်များက နုတ်ထွက်လွှာတင်သွင်းချိန်တွင် မြို့နယ်လူငယ်များ၏ သဘောထား (သတင်းအပြီး သီးခြားဖော်ပြထားသည်) ကိုပါ အန်အယ်လ်ဒီသို့ တင်သွင်းခဲ့သည်ဟု တွံတေးမြို့နယ်မှ ကိုနေခြည်ဝင်းက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆန္ဒနှင့် လူငယ်အများစု၏ ဆန္ဒသဘောထား မပါဘဲ လူငယ်အတွင်း မည်သည့်ပြုပြင်ပြောင်းလဲမှုကိုမျှ လက်ခံမည်မဟုတ်ဟု အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့နုတ်ထွက်ရာတွင် ပါဝင်သည့် လူငယ်တဦးဖြစ်သူ ကိုနေခြည်ဝင်းက “ကျနော်တို့ အကြိမ်ကြိမ် တင်ပြခဲ့ပါတယ်။ လူငယ်အများစုရဲ့ သဘောထားမပါဘဲ ဖွဲ့စည်းရေး ပြုပြင်ပြောင်းလဲရေးတွေကို ဆက်ပြီးပြုလုပ်မယ်ဆိုရင် နုတ်ထွက် မယ်ဆိုတာ ကြိုတင်အသိပေးခဲ့ပါတယ်။ အဲဒီလို တင်ပြခဲ့ပေမယ့် ကျနော်တို့ကို အခုကြေညာချက်ထွက်သည်အထိအောင် မည်သည့်သဘောထားမှ တင်ပြခွင့်မပေးခဲ့ပါဘူး။ ဒါကြောင့်လည်း ကြိုတင်အသိပေးထားတဲ့အတိုင်း အခုလို နုတ်ထွက် တာပါ” ဟု ရှင်းလင်းပြောကြားသည်။

သို့သော် အန်အယ်လ်ဒီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ပိုင်ခွင့်ပေးထားသည့်အတွက် ၎င်းတို့နှစ်ဦး ထုတ်ပြန်သည့်အမိန့်ကို လိုက်နာသင့်ကြောင်း အန်အယ်လ်ဒီ အလုပ်အမှုဆောင်တဦးဖြစ်သူ ဦးလွန်းတင်က ပြောသည်။

“၁၉၉၅ ခုနှစ် အမျိုးသားညီလာခံကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နုတ်ထွက်လာပြီးနောက်မှာ အထွေထွေအတွင်း ရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး ရှေ့ဆက်ပြီး အာဏာပိုင်တွေရဲ့ ဘယ်လိုဖိဆီးနှိပ်စက်မှုမျိုးကို ခံရဦး မလဲဆိုတာ မသိနိုင်တာကြောင့် အဲဒီကတည်းက အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက်ကိုလည်း ပြင်ဆင်တဲ့ အနေနဲ့  ဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးကို လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခဲ့တယ်။ ဒီအာဏာဟာ စစ်ရေးအရ ပြောရမယ်ဆိုရင် အမိန့်ပေးနိုင်တဲ့ အာဏာပင်ဖြစ်တယ်။ ဒီ (၂) ယောက်ဟာ စစ်တပ်မှာဆိုရင် အမိန့်ပေးနိုင်သူ (ကွန်မန်ဒါ) များပင်ဖြစ်တယ်။ သူတို့ ပေးလာတဲ့အမိန့်ဆိုရင် လက်ခံပြီးဆောင်ရွက်ပေးရမှာ ဖြစ်သလို အမိန့်ကို မလိုက်နာသူတွေကိုလည်း အရေးယူရမှာဖြစ်တယ်။ အခုလည်း ဥက္ကဋ္ဌအနေနဲ့ သူ့ကိုပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာအရ စီမံဆောင်ရွက်ခဲ့တာဖြစ်တာကြောင့် ကျနော်တို့အနေနဲ့ လိုက်နာရမှာဖြစ်တယ်” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းများ ဖော်ဆောင်ရေးကိစ္စနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီအဖွဲ့ချုပ်က အောက်တိုဘာ (၁၅) ရက်နေ့စွဲဖြင့် ညွှန်ကြားချက်တရပ် ထုတ်ပြန်ခဲ့သည်။ ထိုညွှန်ကြားချက်တွင် လူငယ်လုပ်ငန်းများ ဖော်ထုတ်ရေးတာဝန်ခံအသစ်များကို တာဝန်ပေးပြီး ယခင်ကရှိခဲ့သည့် အထက်မြန်မာပြည်၊ အောက်မြန်မာပြည် လူငယ်ပြန်လည်ဖွဲ့စည်းရေး တာဝန်ခံများကို ပယ်ဖျက်ကြောင်း ဖော်ပြထားသည်။

လူငယ်လုပ်ငန်းများ ဖော်ထုတ်ရေးတာဝန်ခံအသစ်များကို တာဝန်ပေးသည့်ကိစ္စမှာ လူငယ်အများစု သဘောထားကို မယူဘဲ ဆုံးဖြတ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ရန်ကုန်တိုင်း (၁၁) မြို့နယ်မှ အန်အယ်လ်ဒီ လူငယ် (၁၀၀) နီးပါး နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

လူငယ်ဖွဲ့စည်းပုံအတွင်း ပြုပြင်ပြောင်းလဲရေးများလုပ်ရာတွင် မြို့နယ်လူငယ်များ၏ သဘောဆန္ဒအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌမှ မျက်ကွယ်ပြုခဲ့ခြင်းကြောင့် ဥက္ကဋ္ဌ၏ ဦးဆောင်မှုအောက်မှ နုတ်ထွက်ခြင်း

(၁) ၂၉-၇-၂၀၀၈ နေ့တွင် မြို့နယ်ပေါင်း (၁၂) မြို့နယ်မှ လူငယ်ပေါင်း (၄၅) ဦးတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အရေးကိစ္စများတွင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားဆန္ဒနှင့် လူငယ်အများစု၏ ဆန္ဒသဘောထားမပါဘဲ လူငယ်အတွင်း မည်သည့်ပြုပြင်ပြောင်းလဲမှုကိုမျှ လက်ခံမည်မဟုတ်ဟု ဗဟိုအလုပ်အမှုဆောင် အဖွဲ့သို့ တင်ပြပြီးဖြစ်သည်။

(၂) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ မှ ထိုတင်ပြချက်အား လက်ခံရရှိကြောင်း အသိအမှတ်ပြုစာကို (၂၉-၇-၂၀၀၈) ရက်နေ့က ရရှိကြောင်း အကြောင်းပြန်ကြားခဲ့သည်။

(၃) ၁-၈-၂၀၀၈ ရက်နေ့က ပြုလုပ်ခဲ့သော မြို့နယ်လူငယ်များ၊ ဆက်သွယ်ရေးလူငယ်များနှင့် လူငယ်ပြန်လည် ဖွဲ့စည်းရေး အဖွဲ့ အစည်းအဝေးတွင် လူငယ်များဆန္ဒကို မမေးမြန်းဘဲ လူငယ်ဖွဲ့ စည်းပုံအတွင်း မည်သည့်ပြုပြင် ပြောင်းလဲမှုကိုမှ မပြုလုပ်ရန် လူငယ်များက တင်ပြခဲ့ကြသည်။

(၄) ထို့အပြင် ၁၁-၉-၂၀၀၈ နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဆောင်ကျင်းပသော အစည်းအဝေးတွင် တက်ရောက်ဆွေးနွေးကြမည့်သူ (၁၄) ဦးထံသို့ လူငယ်များဖွဲ့စည်းပုံအတွင်း ပြုပြင်ပြောင်းလဲရေး တစုံတရာ ပြုလုပ် မည်ဆိုပါက မြို့နယ်လူငယ်များ အများစုအနေဖြင့် သဘောထားပေးလိုကြောင်း မြို့နယ်ပေါင်း (၁၁) မြို့နယ်နှင့်  လူငယ်လုပ်ငန်းအဖွဲ့ဝင်စုစုပေါင်း (၃၁) ဦးတို့ မှ လက်မှတ်ရေးထိုး အသိပေးခဲ့ကြသည်။

(၅) အစည်းအဝေးကျင်းပနေစဉ်တွင် ဥက္ကဋ္ဌအား သဘောထားပေးလိုသော လူငယ်များ စောင့်ဆိုင်းနေသည်ကို အစည်းအဝေးတက်ရောက်သူများမှ တင်ပြခဲ့သော်လည်း ဥက္ကဋ္ဌမှ ပယ်ချခဲ့သဖြင့် အဖွဲ့ချုပ်၏ မူဝါဒလမ်းစဉ် တရပ် ဖြစ်သော “အပြန်အလှန်လေးစားလိုက်နာရေး” ဆိုသည့် အချက်နှင့် ဖွဲ့စည်းပုံမူကြမ်း စာအုပ်၊ စည်းကမ်းချက်များ (အခန်း-၅) အပိုဒ် (၁၀)၊ အပိုဒ်ခွဲ(ဂ) ပါ “ဆုံးဖြတ်ချက်တိုင်းသည် ဒီမိုကရေစီနည်းလမ်းဖြင့် အများသဘောတူ ဆုံးဖြတ်ချက်မျိုးသာလျှင် ဖြစ်စေရမည်” ဆိုသည့်အချက်တို့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်တိုင် မထီမဲ့မြင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

(၆) ထိုသို့ အဖွဲ့အစည်းအတွင်းမှာပင် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်မှုကို မလိုလားသော ခေါင်းဆောင်တဦးသည် ဗမာပြည်နိုင်ငံရေးတပ်ဦးတွင် ရှိနေသော်လည်း ပြည်သူလူထုတရပ်လုံး၏ လိုလားမှုကို ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ဟု ယုံကြည်သဖြင့် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေ ဦးဆောင်မှု အောက်မှ အောက်ပါအဖွဲ့ ချုပ်လူငယ်များက နုတ်ထွက် လိုက်သည်။
Author: vanko
•8:17 PM
Washington Times _ 28 Sept 2008



ဒီမိုကရေစီအရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့မှု တစ်နှစ်ပြည့်မြောက်ချိန်မှာ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ အဓိကကျတဲ့ နိုင်ငံခြားတိုင်းပြည်တွေအကြားမှာ နအဖကို ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်လာဖို့ ဘယ်လိုတွန်းအားပေးမလဲဆိုတဲ့ အပေါ်မှာ သဘောတူညီချက် မရကြသေးပါဘူး။ ကမ္ဘာ့ခေါင်းဆောင်တွေဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲအဖြစ် မနေ့က စနေနေ့မှာ မြန်မာ့အရေးကို စုဝေးဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး ဂမ်ဘာရီတို့ဟာ ဒီဇင်ဘာမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မယ်လို့ မျှော်လင့်ရပါတယ်။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ယီယိုက “သူ(ဘန်ကီမွန်း) က မြန်မာပြည်ကို နောက်ထပ်သွားဦးမယ်လို့ပြောပါတယ်။ နောက်ထပ်သွားမယ်ဆိုရင် သူ့အနေနဲ့ အများကြီး သတိထားရပါမယ် ဘာဖြစ်လို့လဲဆိုတော့ ခရီးစဉ်အပေါ် မျှော်လင့်ချက်တွေကို စိစစ်ဖို့ လိုအပ်နေတဲ့အတွက်ဖြစ်ပါတယ်။” လို့ ပြောပါတယ်။ “မြန်မာပြည်မှာ မြင်သာထင်ရှားတဲ့ တိုးတက်မှုမရှိပဲနဲ့ သူနောက်ထပ် မသွားသင့်ပါဘူး” လို့လဲ ဖြည့်စွက်ပြောကြားသွားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးနဲ့ သံအမတ်ကြီးများ ၁၅ ဦးခန့်တက်ရောက်ခဲ့တဲ့ ဒီမြန်မာ့မိတ်ဆွေနိုင်ငံများ ဆွေးနွေးပွဲမှာ ဘယ်လိုမျိုး စံသတ်မှတ်ချက်ကမှ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို အာမခံချက်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာ သဘောတူညီချက် မရခဲ့ကြပါဘူး။

ဒီဆွေးနွေးပွဲအပြီးမှာ မစ္စတာဘန်ကီမွန်းနဲ့ မစ္စတာဂမ်ဘာရီတို့ဟာ သတင်းထောက်များနဲ့ ပြောကြားဖို့ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် အကျယ်ချုပ်ကျခံနေရတဲ့ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး စတင်ဖို့ အတွင်းရေးမှူးချုပ်ရဲ့ တောင်းဆိုချက်ကို ဖော်ပြထားတဲ့ အကျဉ်းရုံး ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နဲ့ ရုရှားတို့နည်းတူ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ ဗီယက်နမ်၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတို့က နိုင်ငံရေးအကျဉ်းသားအချို့ကို လွှတ်ပေးခဲ့မှုအပေါ် ချီးကျူးလိုကြပေမယ့် ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ နော်ဝေ၊ တောင်ကိုရီးယားနဲ့ သြစတြေးလျှတို့ကတော့ ဒီအပြုအမူဟာ မလုံလောက်သေးဘူးလို့ ယူဆကြပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယခရီးစဉ် သို့မဟုတ် မစ္စတာဂမ်ဘာရီရဲ့ ငါးကြိမ်မြောက် ခရီးစဉ်တွေဖြစ်လာဖို့ အခြေအနေလိုအပ်ချက်ဟာ အီးယူနဲ့ အနောက်နိုင်ငံတွေက အလေးအနက်တောင်းဆိုနေသလို ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးရမယ်ဆိုတဲ့ အချက်ဖြစ်မလားလို့ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကိုတော့ မစ္စတာယီယိုက ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါဘူး။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေကတော့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ထိန်းသိမ်းခံနေရဆဲ အနေအထားမှာ ဒီမဖြစ်စလောက် အရေအတွက်ကလေးလွှတ်ပေးခဲ့တာကို အသိအမှတ်ပြုဖို့ ငြင်းဆိုကြပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ပြည်သူတွေ အတိဒုက္ခရောက်နေချိန်မှာ အတင်းအဓမ္မ အတည်ပြုခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲရလဒ်ကိုလည်း နိုင်ငံအနည်းအကျဉ်းကသာ လက်ခံကြပါတယ်။

“ကျွန်တော်တို့အမြင်အရ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်ထွန်းမှု လုံးဝမရှိပါဘူး” လို့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးရာပေါ်လစီအကြီးအကဲ Javier Solana က The Washington Times ကိုပြောကြားခဲ့ပါတယ်။

ကျွန်တော့်အမြင်ကတော့ စင်္ကာပူဟာ ထုံးစံအတိုင်း မြန်မာ့အရေးမှာ အမြဲတမ်း ကြီးကြီးကျယ်ကျယ်ပြောပြီး လက်တစ်လုံးခြား ခေါင်းရှောင်နေဆဲပါပဲ။
Author: vanko
•7:41 PM
VOA News_27 September 2008

ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရကို တရားဝင်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုထားတာကို ရုတ်သိမ်းပေးဖို့ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုထားတာကို ကုလသမဂ္ဂဘက်က ငြင်းဆိုလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ နေ့စွဲနဲ့ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေက စစ်အစိုးရ ကို ကုလသမဂ္ဂက အသိအမှတ်မပြုဖို့ တောင်းဆိုခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကုလသဂ္ဂရဲ့ ဥပဒေရေးရာ ဒုတိယ အတွင်းရေးမှူးချုပ် ပက်ထရီရှာ အိုဘရိုင်ယန်က (Patricia O’Brien) က တုန့်ပြန်ထားချက်ကို မနေ့က သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ်ရှဲလ် မွန်းတပ်စ် (Michele Montas) က အခုလို ပြောပါတယ်။

“အခုလို မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြလာတဲ့ စာပါအကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ အရေးယူဆောင်ရွက်မှု တစုံတရာ ရှိမှာ မဟုတ်တဲ့အကြောင်း ဒုတိယ အတွင်းရေးမှူးချုပ် ပက်ထရီရှာ အိုဘရိုင်ယန်က ပြောပါတယ်။ ဒီလို နိုင်ငံတွေက ကိုယ်စားလှယ်တွေကို တရားဝင် အသိအမှတ်ပြုရေးနဲ့ ပတ်သက်လို့ အထွေထွေညီလာခံမှာ တင်ပြတဲ့ အတွင်းရေးမှူးချုပ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ နည်းနာတွေအရ သုံးသပ်ပိုင်ခွင့်၊ ကုလသဂ္ဂက ချမှတ်ထားတဲ့ စည်းမျဉ်း အမှတ် (၂၇) နဲ့ ကိုက်ညီမှု မရှိပါဘူး။ စည်းမျဉ်းအမှတ် (၂၇) နဲ့ ကိုက်ညီတဲ့ တရားဝင်တင်ပြချက်တွေ မတွေ့ရပါဘူး၊ ဒီစည်းမျဉ်းအရ ကုလသမဂ္ဂအတွင်း တရားဝင်မှုကို သတ်မှတ်ဖို့ တင်ပြတဲ့အခါ နိုင်ငံ့အကြီးအကဲ ဒါမှမဟုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနကသာ တင်ပြနိုင်မှာဖြစ်ပါတယ်။”

ကုလသမဂ္ဂ ဘက်က အခုလို မြန်မာစစ်အစိုးရရဲ့ တရားဝင်မှုကို ရုပ်သိမ်းရေးကို လက်မခံသေးပေမယ့်လည်း ပြည်ပရောက် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဒီလို တင်ပြတာကို အလျော့မပေးသေးဘူးလို့ ပြောပါတယ်။ အခုလို ကုလသမဂ္ဂကို စာတင်ပြီး တောင်းဆိုခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ဒုဥက္ကဋ္ဌ ဆိပ်ကမ်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းက အခုလို ပြောပါတယ်။

“ကျမတို့ အနေနဲ့ကတော့ အရင်တုန်းကတည်းက ဒီဟာကို ဒီနှစ်မှာ တင်မယ်။ ဒီနှစ်ကို မတင်ဖြစ်ရင် နောက်နှစ်ကို တင်မယ်။ အဲဒီတော့ အခု ငြင်းလိုက်တယ် ဆိုတဲ့ဟာက ဘာအကြောင်းတွေ ကျမတို့မှာ ဘာ ချို့ယွင်းချက် ရှိလို့ ဆိုတာတွေကို သိအောင်လုပ်ပြီးတော့ ဒီဟာနဲ့ပတ်သက်လို့ နောက်နှစ်ခါ ဆက်တင်နိုင်အောင်၊ ဒါမှမဟုတ်လို့ရှိရင်တော့ ဒီအကြောင်းကို ပိုပြီးတော့ လုပ်ရဖို့ ဆိုတာကို စဉ်းစားဖို့ ကျမတို့ ဒီမှာ အဖွဲ့ ရှိပါတယ်။ ပြီးတော့ ဒီအလုပ်က အဲန်စီယူဘီ အထွေထွေ တပ်ပေါင်းစုရဲ့ ဦးဆောင်မှု နဲ့ ကျမတို့က လုပ်နေတာပါ။ အဲဒီတော့ ကျမတို့ ပြန်ပြီးတော့ တိုင်ပင်ရပါအုံးမယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ဘာကြောင့် ဆိုတဲ့အကြောင်းကို သိရလို့ရှိရင် ဒီအကြောင်းကို ကျော်လွှားနိုင်အောင် ကျမတို့ ကြိုးစားမှာပါ။ နောက်နှစ်ခါလည်း ကျမတို့ တင်နိုင်အောင် ကြိုးစားအုံးမယ်လို့ ကျမတို့ ယူဆပါတယ်။”

လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ဒုဥက္ကဋ္ဌ ဆိပ်ကမ်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းက ပြောပြသွားတာပါ။

ဒါက VOA ရဲ့ ဖော်ပြချက်ပါ။ International Herald Tribune မှာဖော်ပြထားတဲ့ AP သတင်းတစ်ပုဒ်မှာတော့ Members of Parliament Union (Burma) ရဲ့ ဒုဥက္ကဌ ဒေါ်စန်းစန်းက UN နဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ အမြဲတမ်းမစ်ရှင်အဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်းနဲ့ ဦးသိန်းဦးကို ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတယ်လို့ ပြောကြားကြောင်း ဖြည့်စွက်ဖော်ပြထားပါတယ်။
Author: vanko
•7:29 AM





ဓါတ်ပုံများနှင့် ကြေငြာချက်ကို အစ်မ မေအိခင်ထံမှ ရရှိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနှစ် ၂၀ပြည့်အထိမ်းအမှတ်နေ့ (၂၇ စက်တင်ဘာ ၂၀၀၈၊ မနေ့က) ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ၂၇-၉-၂၀၀၈ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေငြာချက်အမှတ် (၂၀/၉/၀၈) ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်များကို ဖော်ပြထားပြီး အာဏာပိုင်တို့ရဲ့ နည်းမျိုးစုံနဲ့ မတရားဖိနှိပ်ထားတဲ့ကြားကပဲ တိုင်းပြည်အတွက် အနှစ် ၂၀ တိုင်တိုင် မယိုင်မလဲ ရပ်တည်နိုင်ခဲ့ကြောင်း၊ မိမိတို့ အကျိုးစီးပွားများကို စွန့်လွှတ်ပြီး တိုင်းပြည်အတွက် ကြံ့ကြံ့ခံလုပ်ဆောင်ခဲ့သည်များအတွက် ချီးကျူးဂုဏ်ယူပါကြောင်း ဖေါ်ပြထားပါတယ်။

နအဖ အနေနဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ-၃ နဲ့အညီ ပြည်သူ့လွှတ်တော်ခေါ်ယူပေးခြင်းမရှိပဲ မိမိတို့ကိုယ်တိုင်ချမှတ်ထားတဲ့ ဥပဒေများ၊ ကြေငြာချက်များ၊ ကတိက၀တ်များကို ချိုးဖောက်လျှက်ရှိကြောင်း၊ ထို့ကြောင့်ပြည်သူလူထုက အာဏာပိုင်တို့အပေါ် အယုံအကြည်ကင်းမဲ့သွားပြီဖြစ်ကြောင်း၊ ဥပဒေပြုသူ ကိုယ်တိုင်က ဥပဒေကိုချိုးဖောက်ခြင်းဟာ မြန်မာ့သမိုင်းမှာ ဖျောက်ဖျက်မရတဲ့ အမဲစက်ကြီးဖြစ်ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး အာဏာပိုင်တို့က မိမိတို့ ဥပဒေ၊ ကတိက၀တ်တွေကို ချိုးဖောက်တဲ့အတွက် လာမယ့် ၂၀၁၀ ရွေးကောက်ပွဲအပေါ်လည်း ပြည်သူတွေက ယုံမှားသံသယရှိမှာဖြစ်ကြောင်း အတိအလင်း ထုတ်ဖော်ဝေဖန်ထားပါတယ်။

မေလလူထုဆန္ဒခံယူပွဲရဲ့ မသမာမှုတွေကိုလည်း ထုတ်ဖော်ကြေငြာထားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဒီမိုကရေစီနည်းလမ်းမကျတဲ့အတွက် လက်မခံနိုင်ကြောင်း အတိအလင်း ထုတ်ဖော်ထားပါတယ်။ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက လျစ်လျှူရှုလို့မရကြောင်း၊ တိုင်းပြည်အကျိုးစီးပွားအတွက် မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် ရှိရမှာဖြစ်ကြောင်းလည်း အတိအလင်း ထုတ်ဖော်ကြေငြာထားပါတယ်။

ကြေငြာချက်ကို အကျဉ်းချုပ်ကြည့်မယ်ဆိုရင်တော့
- နအဖ အနေနဲ့ မိမိတို့ ပေးထားတဲ့ကတိက၀တ်တွေအတိုင်း ပြည်သူ့လွှတ်တော် အမြန်ဆုံးခေါ်ယူပေးရန်။
- ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးရန်။
- NLD အနေနဲ့ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ရရန်။
- ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ဖျက်သိမ်းခြင်းခံထားရတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီများ အပါအ၀င် နိုင်ငံရေးပါတီများကို မှတ်ပုံတင်ခွင့်ပေး၍ လွတ်လပ်စွာ စည်းရုံးခွင့်ပြုရန် တောင်းဆိုထားတာတွေ့ရပါတယ်။

ဒီကြေငြာချက်ဟာ ကျွန်တော်ဖတ်ဖူးသမျှ NLD ရဲ့ ကြေငြာချက်တွေမှာ အားအရဆုံးကြေငြာချက်တစ်စောင်ဖြစ်ပါတယ်။ ဒါဟာ ဦးဝင်းတင်တို့လို အတွေ့အကြုံရှိ၊ ခံယူချက်ပြင်းထန်ပြီး ဆုံးဖြတ်ချက်ပြတ်သားတဲ ခေါင်းဆောင်တွေ NLD မှာ ပြန်လည်ပူးပေါင်းလာနိုင်လို့လဲ ဖြစ်နိုင်ပါတယ်။ (ဒါပေမယ့် ကြေငြာချက်မှာ ၁၁-၉-၂၀၀၈ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်လို့ ဖော်ပြထားပါတယ်။ အဲဒီနေ့မှာ ဦးဝင်းတင်တို့ မလွတ်သေးပါဘူး။) စစ်အာဏာရှင်စနစ်နဲ့ တိုင်းပြည်ကိုဖိနှိပ်ဖို့ကြိုးစားနေတဲ့ နအဖရဲ့ ရပ်တည်မှုနဲ့ လုပ်ရပ်တွေကို ပြတ်ပြတ်သားသား ဆန့်ကျင်စိန်ခေါ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို NLD ရဲ့ ဦးဆောင်မှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ မြန်မာပြည်သူတွေအတွက် ဆောင်ကျဉ်းပေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။


ကြေငြာချက်အပြည့်အစုံကိုတော့ အောက်ကလင့်မှာ ယူပါ။
NLD ၂၀နှစ်မြောက် ကြေငြာစာတမ်း
Author: vanko
•9:30 PM

(ဒီသတင်းကတော့ အစ်မ မေအိခင်ရဲ့ ဘလော့ဂ်ကနေ တစ်ပုဒ်လုံးကူးချထားတာပါ။ ကူးချရကောင်းလားလို့ အပြစ်ပြောလဲ ခံရမှာပါပဲ။ ကျွန်တော်က သူရေးထားတဲ့အတိုင်း အရသာမပျက် ပြန်ဖောက်သည်ချချင်တာကိုး...။ ဒါကတော့ ဆင်ခြေပေါ့...။ :P)


ပါတီနှစ်နှစ်ဆယ်ပြည့်အခမ်းအနားကို ယနေ့ကျင်းပခဲ့သည် ထိုအခမ်းအနားမှသတင်းကောင်းမှာ နိုင်ငံရေးတစ်ခုလုံး ပြောင်းလဲလာနိုင်သည့်သတင်းမှာ ဘဘ ဦးဝင်းတင် နှင့် ဦးခင်မောင်ဆွေကို မူလတာဝန်တရားဝင်ပြန်လည်အပ်နှင်းပြီး ဒေါက်တာသန်းငြိမ်းအား ရန်ကုန်တိုင်း ဒုဥက္ကဌအဖြစ်တာဝန်ပြန်ပေးအပ်ရာ ကာယကံရှင်များမှ ၀မ်းမြောက်ဝမ်းသာလက်ခံကြိုဆိုကြောင်း သိရသည်။ နဂိုအင်အားကို ပို၍ မြင့်မားစွာဆောင်ရွက် နိုင်ပြီဖြစ်သည်။ အခမ်းအနားကို အင်အား ၆၀၀ နီးပါတက်ရောက်ပြီး ဗဟိုအလုပ်အမှုဆောင်များမှ တရားဝင် တာဝန်မေးမြန်းခြင်း အပ်နှင်းခြင်းကို စနစ်တကျပြုလုပ်ခဲ့ ပါသည်။ ဤသည်ကိုလေ့လာခြင်းဖြင့် ပါတီစီအီးစီသည် အရည်အသွေးအမှန်တကယ် စစ်မှန်ပြည့်ဝသောသူများအားလက်ဆင့်ကမ်းရန် တွဲဖက်ဆောင်ရွက်ရန် ၀န်မလေးကြောင်း တွေ့ရသဖြင့် ဒီမိုကရေစီရေးအတွက် အလားအလာကောင်းများဖြစ်ကြောင်း တင်ပြလိုက်ပါသည်။
Author: vanko
•8:38 PM



မနှစ်က သံဃာတော်တွေ ဦးဆောင်ပြီး ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်ခဲ့ကြတာကို နအဖက အကြမ်းဖက် နှိမ်နင်းခဲ့တာကြောင့် အနည်းဆုံး ၃၁ ဦး သေဆုံးပြီး ၃၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတဲ့ ရွှေဝါရောင်တော်လှန်ရေးကို အမှတ်ရတဲ့အနေနဲ့ သြစတြေးလျှနိုင်ငံ ဆစ်ဒနီနဲ့ ပါ့သ် မြို့တွေမှာ လူတွေရာနဲ့ချီပြီး လမ်းလျှောက်ချီတက်ခဲ့ကြတယ်လို့ The Sydney Morning Herald သတင်းမှာ ဖော်ပြထားပါတယ်။

“အဲဒီတုံးက ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့သူ ၇၀၀ ကျော်ဟာ ခုထိထိန်းသိမ်းခံနေရတုံးပါပဲ။ ဒီအထဲမှာ ရဟန်းတော် ၁၇၆ ပါးနဲ့ သီလရှင် ၁၀ ပါး ပါဝင်ပါတယ်” လို့ Burma Campaign Australia ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ချိုက ပြောပါတယ်။ ဖမ်းဆီးခံထားရတဲ့သူတွေထဲက ရဟန်းတော် ၉ပါး အပါအ၀င် အနည်းဆုံး ၁၈ ဦးဟာ ကြမ်းတမ်းတဲ့ စစ်ဆေးမေးမြန်းမှုတွေကြောင့် ကွယ်လွန်ခဲ့ရတယ်လို့လဲ သူက ဆက်ပြောပါတယ်။

ဒီကြီးမားတဲ့ လူထုလမ်းလျှောက်ပွဲတွေ ပြုလုပ်ရတာဟာ သြစတြေးလျှ အစိုးရအနေနဲ့ အထိန်းသိမ်းခံနေရသူတွေ လွတ်မြောက်ဖို့အတွက် ကူညီပြီး နအဖကို ဖိအားပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။

ဆစ်ဒနီမြို့က လမ်းလျှောက်ပွဲမှာ ပါဝင်ခဲ့တဲ့ ပါလီမန်အမတ်တစ်ဦးဖြစ်သူ John Kaye က “တစ်နှစ်လည်ခဲ့ပါပြီ ကမ္ဘာကြီးဟာ မြန်မာပြည်သူတွေ အတိဒုက္ခရောက်နေတာကို ကျောခိုင်းမနေသင့်ပါဘူး” လို့ ပြောပါတယ်။ “ဒီကနေ့ကျင်းပတဲ့ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားဟာ စစ်အာဏာရှင်စနစ်ကို ဆက်လက်ဖိအားပေးသွားဖို့ ကမ္ဘာကြီးရဲ့ အာရုံစူးစိုက်မှုကို ပြန်ရယူတဲ့ ပွဲပါပဲ။”

“မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ စိတ်ဓါတ်အားမာန်ဟာ ပြိုကွဲမသွားသေးပါဘူး။ နိုင်ငံတကာမိသားစုရဲ့ ကူညီဖေးမမှုနဲ့ မြန်မာပြည်ဟာ တဖန်ပြန်လည် လွတ်မြောက်လာဦးမှာပါ” လို့လည်း သူကဆက်လက်ပြောကြားသွားပါတယ်။

မြန်မာစစ်အစိုးရဟာ ဒီတစ်ပတ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၇ ဦးကိုလွတ်ပေးခဲ့ပါတယ်။ ဦးမြင့်ချိုကတော့ ဒါဟာ “အပေါ်ယံဟန်ပြ” လုပ်တာသာဖြစ်တယ်လို့ ဆိုပါတယ်။ “ဗိုလ်ကြီးဝင်းထိန်ကို လွတ်ပေးပြီး နာရီပိုင်းအတွင်းမှာပဲ ပြန်ဖမ်းခဲ့ပါတယ်။ ဒါ နအဖ အနေနဲ့ နိုင်ငံတကာဖိအားတွေ လျှော့သွားအောင် အပေါ်ယံဟန်ပြ သက်သက်လုပ်တာပဲ။ မြန်မာပြည်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၁၃ ယောက်ဟာ ခုထက်ထိ အဖမ်းခံနေရတုံးပဲ။ သူတို့တွေ လွတ်မြောက်ဖို့ မြန်မာစစ်အစိုးရကို တိုက်တွန်းပေးဖို့ သြစတြေးလျှ အစိုးရကို ကျွန်တော်တို့ အရေးဆိုနေတာပါ” လို့ သူကဆက်ပြောပါတယ်။
Author: vanko
•8:16 PM
ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD ပါတီ ဖွဲ့စည်းထူထောင်ခဲ့တဲ့ အနှစ် ၂၀ မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ NLD ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ ခုချိန်မှာတော့ ပါတီကို စတင်ထူထောင်ခဲ့တဲ့ ထိပ်တန်းခေါင်းဆောင်များဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ဟာ နေအိမ်အကျယ်ချုပ်ကျခံနေရပါတယ်။ ပါတီရဲ့ အနှစ် ၂၀ မြောက် နှစ်ပတ်လည်နေ့ကို ဒီကနေ့ NLD ရုံးချုပ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းရပါတယ်။

NLD နှစ် ၂၀ ပြည့်တဲ့နေ့မှာပဲ စိတ်ကောင်းစေတနာထားတယ်ဆိုတဲ့ နအဖဟာ NLD ပါတီဝင် သုံးဦးကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ ဧရာဝတီသတင်းဌာနကတော့ ၉ ဦးလို့ ဆိုပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ အန်အယ်လ်ဒီ ပါတီဝင်များဖြစ်ကြသည့် မထက်ထက်ဦးဝေ၊ ဒေါ်ရှမ်းမတို့ အပါအ၀င် တခြားပါတီဝင် ၄ ဦးကို အခမ်းအနားမစမီနှင့် နောက်ထပ်ပါတီဝင် ၃ ဦးကို အခမ်းအနားမှအပြန် ပါတီဌာနချုပ်ရှေ့၌ပင် ဖမ်းဆီးခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဝင်းနိုင်က အတည်ပြု ပြောဆိုသည်။ (ဧရာဝတီ)

ဒီကနေ့ အနှစ် ၂၀ မြောက်အခမ်းအနား မကျင်းပမီမှာ ပါတီဝင်တွေဟာ အဖွဲ့ချုပ်ရုံးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကြွေးကြော်တောင်းဆိုကြပြီး ငှက်တွေကို လှောင်ချိုင့်ထဲက လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
Author: vanko
•8:33 PM
UN News


ကမ္ဘာနဲ့အ၀ှမ်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ကုလသမဂ္ဂရဲ့ ကြိုးစားအားထုတ်မှုတွေဟာ အမျိုးသားရေး အချုပ်အခြာဆိုတဲ့ အကြောင်းပြချက်နဲ့ ပြစ်ဒဏ်ချမှတ်မှုတွေကို ရှောင်ရှားနေတဲ့ နိုင်ငံတွေရဲ့ အပိတ်ဆို့ အဖျက်ဆီးခံနေရတယ်လို့ လစ်သူယေးနီးယား သမ္မတ Valdas Adamkus က အတွေထွေညီလာခံရဲ့ နှစ်စဉ်ကျင်းပနေကျ အဆင့်မြင့်ပုဂ္ဂိုလ်များ ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။ ကုလသမဂ္ဂဟာ မြန်မာ၊ ဆူဒန်နဲ့ ဇင်ဘာဘွေတို့လို ပြဿနာမီးပွား အစပျိုးနေတဲ့ နေရာတွေမှာ လတ်တလောဖြစ်ပွားခဲ့တဲ့ အကျပ်အတည်းတွေကို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် မတုံ့ပြန်နိုင်ခဲ့ဘူးလို့ သူကဝေဖန်သွားပါတယ်။

“ကမ္ဘာကြီးက UN ရဲ့ ဦးဆောင်မှုကို လိုအပ်နေပါတယ်။ ဒါပေမယ့် ဒီအဖွဲ့အစည်းကတော့ အခြေအနေတွေနဲ့ သင့်လျှော်ကိုက်ညီအောင် မဆောင်ရွက်နိုင်ခဲ့ပါဘူး။ ဒါဟာ တစ်ချို့နိုင်ငံတွေရဲ့ ပဓာနမကျတဲ့ လုပ်ထုံးလုပ်နည်းပညတ်ချက်တွေနဲ့ အချုပ်အခြာအာဏာဆိုတဲ့ ဒိုင်းအောက်မှာ အကာအကွယ်ယူပြီး ကုလသမဂ္ဂကို ချိနဲ့အောင် လုပ်နေကြလို့ပါပဲ” လို့ သူကပြောပါတယ်။ သူက လတ်တလောဖြစ်ပွားခဲ့တဲ့ ဂျော်ဂျီယာ-ရုရှား ပဋိပက္ခကို ကိုးကားပြီးပြောကြားရာမှာ ဒီကိစ္စဟာ နိုင်ငံငယ်လေးတစ်ခုအပေါ် နိုင်လိုမင်းထက် ရန်လိုမှုကို တုံ့ပြန်ဆန့်ကျင်ဖို့ ကုလသမဂ္ဂရဲ့ အကြီးအကျယ် ပျက်ကွက်မှုတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

“ဒီကိစ္စမှာ ကျွန်တော်တို့ ပျက်ကွက်ခဲ့ရတာဟာ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ တိုင်းပြည်တစ်ခုက ကုလပဋိဥာဏ်စာတမ်းနဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို တင်းတင်းကျပ်ကျပ် လိုက်နာကျင့်သုံးရမယ့် လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် တစ်ဦးဖြစ်နေလို့လဲ ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ။” လို့လဲသူက ပြောသွားပါတယ်။

လစ်သူယေးနီးယား သမ္မတက တက်ရောက်လာကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကုလသမဂ္ဂရဲ့ အဓိကမစ်ရှင်ဟာ “လူ့သားဘ၀နဲ့ လူသားအခွင့်အရေး” ကိုကာကွယ်ဖို့ ဖြစ်တယ်ဆိုတာ ပြန်သတိရကြဖို့ကိုလည်း နှိုးဆော်လိုက်ပါတယ်။

“ကမ္ဘာတစ်လွှား စံထားကြတဲ့ တန်ဖိုးတွေနဲ့ နိုင်ငံတကာ ဥပဒေတွေ ခြိမ်းခြောက်ခံနေရတဲ့ အချိန်မှာ ကုလသမဂ္ဂဟာ မလှုပ်မယှက်နဲ့ တုံဏှိဘာဝေ ပွဲကြည့်နေသူသက်သက်တော့ ဖြစ်လို့မရပါဘူး။ ခုအထိတော့ ကုလသမဂ္ဂဟာ လုံခြုံရေးဆိုင်ရာ အကျပ်အတည်း ကိစ္စတွေမှာ မကြာခဏဆိုသလို ပွဲကြည့်သူသက်သက် ဖြစ်နေတုံးပါပဲ” လို့လဲ ဝေဖန်လိုက်ပါတယ်။

၂၁ ရာစုရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်ဖို့အတွက်လည်း UN ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းဖို့ လိုအပ်နေတယ်ဆိုတာ ရှင်းလင်းနေပါတယ်လို့လဲ ပြောကြားသွားပါတယ်။

ဒါဟာ ကမ္ဘာ့အဖိနှိပ်ခံ လူဦးရေအများဆုံးနေထိုင်ရာ တတိယနဲ့ ဒုတိယ ကမ္ဘာ့နိုင်ငံတွေက UN ကို reform လုပ်ဖို့ လိုလားနေပြီဆိုတာ ပွင့်ပွင့်လင်းလင်း သတိပေးလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ဖွင့်ပွဲမှာလည်း ဒီနှစ်အတွက် ဥက္ကဌအဖြစ် တာဝန်ယူတဲ့ နီကာရာဂွာ နိုင်ငံခြားရေးဝန်ကြီးဟောင်း Miguel D’Escoto Brockmann ကလည်း “ပိုပြီး ဖိအားပြင်းထန်လာတဲ့ ကမ္ဘာ့ပြဿနာတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်ဖို့နဲ့ (အဖွဲ့နိုင်ငံ) အများစုရဲ့ သဘောထားအမြင်တွေကို အနည်းစုက မလွှမ်းမိုးနိုင်ရေးအတွက်” ကုလသမဂ္ဂကို ဒီမိုကရေစီကျတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းဖို့ ဆော်သြသွားခဲ့ပါတယ်။
Author: vanko
•5:18 PM
25 Sept 2008


ဒီဓါတ်ပုံကို NEJ သတင်းဌာနမှ ကူးယူဖော်ပြပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ ရန်ကုန်မြို့တော်ခန်းမရှေ့ ဗန္ဓုလပန်းခြံအတွင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ ဆူးလေကားမှတ်တိုင် အနောက်ကပ်လျက် ပန်းခြံစည်းရိုးအတွင်း ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သတင်းများက ဆိုပါတယ်။ ဒီပေါက်ကွဲမှုကြောင့် လူအနည်းဆုံး ၃ ဦး ဒဏ်ရာရရှိသွားတယ်လို့လည်း သိရပါတယ်။ မဇ္ဈိမသတင်းဌာန ကတော့ တစ်ဦးသေဆုံးတယ်လို့ ဖော်ပြသွားပါတယ်။ ရန်ကုန်အေပီသတင်းက လူ (၃) ဦး ဒဏ်ရာရသည်ဟု ရေးသော်လည်း ဒီပီအေ သတင်းဌာနကတော့ လူ (၇) ဦး ဒဏ်ရာရတယ်လို့ ရေးသားထားပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရဲနှင့် လုံခြုံရေးများ ရောက်ရှိလာပြီး ထိုဧရိယာတစ်ဝိုက်ကို ပိတ်ဆို့ ကာရံလိုက်တယ်လို့ သတင်းများက ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားကြောင်းကို ပန်းပဲတန်းမြို့နယ်ရဲစခန်းနဲ့ ကျောက်တံတားမြို့နယ်ရဲစခန်းတို့မှ အတည်ပြုခဲ့သော်လည်း အသေးစိတ်ပြောကြားဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်လူနာဌာနကို ဒဏ်ရာရသူ (၃-၄) ဦးခန့် ရောက်ရှိလာသည်ဟု ပြောကြောင်း ခေတ်ပြိုင်သတင်းဌာနမှာ ဖော်ပြထားပါတယ်။

မဇ္ဈိမသတင်းဌာနကတော့ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကိုပါ တွေ့ရှိရကြောင်း၊ အဆိုပါဗုံးကို ရဲများက ဗုံးမှန်းမသိပဲ မြို့တော်ခန်းမအတွင်းသို့ ယူဆောင်သွားစဉ် ဗုံးရှင်းလင်းရေးအဖွဲ့ အချိန်မှီရောက်လာ၍ စံနက်တံကို ဖြုတ်လိုက်နိုင်ကြောင်း ဖော်ပြထားပါတယ်။

ရန်ကုန်မြို့တော်မှာ လုံခြုံရေးတွေတင်းကျပ်နေတဲ့ကြားက ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၁ ရက်နေ့ညကလည်း တာမွေမြို့နယ်ရဲစခန်းမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းကြားရပါတယ်။ ဒီပေါက်ကွဲမှုတွေအတွက် နအဖအနေနဲ့ ဘယ်သူ့ကို လက်ညှိုးထိုးဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ပြီးခဲ့တဲ့ ရွှေပြည်သာ ကြံဖွံ့ရုံး ဗုံးပေါက်ကွဲမှုမှာတော့ စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့က သူတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ကြေငြာခဲ့ပါတယ်။
Author: vanko
•10:56 PM
အစ်မ မေအိခင်က ကျွန်တော့်ကို ဗိုလ်ကြီးဝင်းထိန် ကသာထောင်ကအပြန်လမ်းမှာပဲ ပျောက်သွားတယ်လို့ သတင်းပြောပြပါတယ်။ ဒီသတင်းကို မဇ္ဈိမသတင်းဌာနမှာ အခုလို ဖေါ်ပြထားပါတယ်။

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 24 2008 17:15 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့မှူးအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်ကြီးဟောင်း ၀င်းထိန်ကို မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကသာမြို့နယ် အကျဉ်းထောင်မှ ယမန်နေ့က လွှတ်ပေးခဲ့ပြီး ယနေ့ နံနက်တွင် ပြန်ဖမ်းကာ ထောင်အတွင်း ပြန်ထည့်လိုက်ကြောင်း မဇ္ဈိမက သတင်းရရှိသည်။

(အသေးစိတ်ကို ဆက်လက် ထုတ်ပြန်သွားမည်)

ဗိုလ်ကြီးဝင်းထိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေး ကိုယ်ရေးအရာရှိအဖြစ် ထမ်းရွက်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ပထမအကြိမ် ဖမ်းဆီးခြင်းခံရပြီး ၁၉၉၆ ခုနှစ်မှာ ပြန်လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၆ ခုနှစ် မေလမှာပဲ ပြန်လည် အဖမ်းဆီးခံခဲ့ရပြီး ယခု ၂၀၀၈ ခုနှစ်အထိ စုစုပေါင်း ၁၉ နှစ်အကျဉ်းကျခံခဲ့ရပါတယ်။ အာဏာပိုင်တွေဟာ ဗိုလ်ကြီးဝင်းထိန်ကို အင်းစိန်ထောင်၊ မန္တလေးထောင်၊ မြင်းခြံထောင်၊ မိတ္ထီလာထောင်၊ ကသာထောင် စသည်ဖြင့် တစ်နေရာပြီးတစ်နေရာ ပြောင်းလဲချုပ်နှောင်ခဲ့ပါတယ်။ ထောင်ထဲမှာ ရှိနေစဉ် အနေအစား ချို့တဲ့တာကြောင့် နှလုံးရောဂါနဲ့ အရိုးကျီးပေါင်းတက်ရောဂါများကို ခံစားနေရတယ်လို့လည်း သိရပါတယ်။
Author: vanko
•8:03 PM
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ကြေငြာချက်တစ်စောင်ထုတ်ပြန်ပြီး လွတ်တော်ခေါ်ယူပေးဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အထူးကြေငြာချက်အမှတ် 18/09/08 မှာ ၁၉၉၀ ခုနှစ် မေလ ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရတဲ့ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်တွေနဲ့ လွတ်တော်အမြန်ဆုံးခေါ်ယူပေးရန်၊ အဲဒီပြည်သူ့လွတ်တော်ကနေ ၂၀၀၈ နအဖ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရေးကော်မတီ ဖွဲ့စည်းရန်၊ အဆိုပါ ကော်မတီမှာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီများမှ ကိုယ်စားလှယ်များ၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ အပစ်အခတ်ရပ်စဲထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်ရန်၊ ကော်မတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး လုပ်ငန်းတွေကို ၆ လအတွင်း အပြီးဆောင်ရွက်ရန် စတဲ့အချက်များ ပါဝင်ပါတယ်။ ကြေငြာချက် အပြည့်အစုံကို အောက်မှာ ဖတ်ကြည့်ပါခင်ဗျာ။

ဒီကြေငြာချက်ဟာ လူထုက အားမလိုအားမရဖြစ်နေတဲ့ လက်ရှိ NLD ခေါင်းဆောင်ပိုင်းရဲ့ နည်းဗျူဟာဆိုင်ရာ တိုးတက်မှုတစ်ခုလို့ ကျွန်တော်တော့ မြင်ပါတယ်။ အလုပ်ဖြစ်ခြင်း မဖြစ်ခြင်းကတော့ စောင့်ကြည့်ရမှာပါ။

အစ်မ မေအိခင် ဘလော့ဂ်မှ ကူးယူဖော်ပြပါတယ်။






Author: vanko
•7:20 PM

စစ်အစိုးရက သတင်းစာဆရာကြီး ဦးဝင်းတင်ကို အနှစ် ၂၀ နီးပါး ထိန်းသိမ်းထားရာကနေ ဒီကနေ့ အင်းစိန်ထောင်ကနေ ပြန်လွတ်ပေးလိုက်ပါတယ်။ အသက် ၇၉နှစ် ရှိပြီဖြစ်တဲ့ ဆရာကြီးဦးဝင်းတင်ဟာ မြန်မာနိုင်ငံသမိုင်းမှာ ထောင်သက်တမ်း အရှည်ဆုံး နိုင်ငံရေး အကျဉ်းသားတစ်ဦး ဖြစ်ပါတယ်။ ဦးဝင်းတင်ဟာ NLD ပါတီဝင်တစ်ဦးဖြစ်ပြီး ၁၉၈၉ ခုနှစ်ကတည်းက နအဖရဲ့ ထောင်သွင်း အကျဉ်းချထားခြင်း ခံရသူတစ်ဦး ဖြစ်ပါတယ်။ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကတော့ ဦးဝင်းတင်လွတ်မြောက်လာတာကို ကြိုဆိုလိုက်ပြီး သူနဲ့အတူ မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ မေ၀င်းမြင့်နှင့် တောင်ငူလွှတ်တော်အမတ် ဦးအောင်စိုးမြင့်ဦး တို့ကိုလည်း စစ်အစိုးရက လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။

ဦးဝင်းတင်က အင်းစိန်ထောင်ဗူးဝရှေ့မှာပဲ စောင့်ကြိုနေကြတဲ့ လူထုကြီးကို -
“ကျွန်တော် နိုင်ငံရေးကို ဆက်လုပ်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဟာ နိုင်ငံရေးသမားတစ်ယောက် ဖြစ်တဲ့အတွက်ပဲ”
“နအဖ ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ကျွန်တော် လက်မခံနိုင်တဲ့အတွက် နိုင်ငံရေးကို ဆက်လုပ်မယ်။ ဘယ်လိုနိုင်ငံရေးမျိုးလဲ ဆိုရင် စစ်အာဏာရှင်စနစ် အဆုံးသတ်သွားဖို့ပဲ။” လို့ ပြောကြားသွားပါတယ်။

ဒီကနေ့ စစ်အစိုးရက အကျဉ်းသား ၉၀၀၂ ဦးကို ပြန်လွတ်ပေးခဲ့ပါတယ်။ အများစုကတော့ ရာဇ၀တ်သားတွေပဲ ဖြစ်ပါတယ်။ နိုင်ငံအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂၀၀ ကျော်ရဲ့ သတင်းကတော့ မသိရပါဘူး။

ဒီလိုလွတ်ပေးတာဟာ မနှစ်က သံဃာတော်တွေ ဦးဆောင်တဲ့ အေးချမ်းစွာ မေတ္တာပို့ဆန္ဒပြမှုတွေကို အကြမ်းဖက် ရိုင်းရိုင်းစိုင်းစိုင်း နှိမ်နင်းခဲ့တဲ့ စက်တင်ဘာ ၂၆-၂၇ ရက်နေ့တွေ နီးလာချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ အဲဒီတုန်းက ဂျပန်သတင်းထောက် တစ်ယောက်အပါအ၀င် အနည်းဆုံး လူ ၃၁ ယောက် သေဆုံးခဲ့ပြီး ရာပေါင်းများစွာ အဖမ်းဆီးခံခဲ့ရပါတယ်။ တချို့လဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကျွန်တော်တော့ ၈၈ တုန်းက ထောင်တွေကို ဖွင့်လွတ်ပေးပြီး ရာဇ၀တ်သားတွေ လူဆိုးသူခိုးဂျပိုးတွေ ရပ်ကွက်တွေထဲ များလာပြီး ငတ်ပြတ်နေချိန်မှာ ရာဇ၀တ်မှုတွေဖြစ်၊ စက်ရုံတွေကို စစ်တပ်က အရင်လာဖောက်ယူပြီး ဖွင့်ထားခဲ့ချိန်မှာ ၀ရုန်းသုံးကား ၀င်ယူကြ၊ တိုင်းပြည်ပျက်နေပါပြီ။ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်စီးနေပါပြီဆိုပြီး စစ်တပ်က လူဝင်သတ်။ အဲဒီ ဇာတ်လမ်းကြီးကိုပဲ ပြန်မြင်ယောင်မိပါတယ်။

ဒီနှစ်ပတ်လည်နေ့ နီးကပ်လာချိန်မှာ စစ်အစိုးရဟာ ရန်ကုန်မြို့မှာ လုံခြုံရေးကို အထူးတင်းကျပ်ထားတာကို တွေ့ရပါတယ်။ အရေးပါတဲ့ လမ်းဆုံလမ်းခွတိုင်းမှာ လုံထိန်းကား၊ စစ်ကားတွေ အနည်းဆုံး လေးငါးစီး ရပ်ထားပြီး အသင့်အနေအထားယူထားတာကို တွေ့ရပါတယ်။ အခုဆိုရင် စစ်အစိုးရဟာ ရန်ကုန်မြို့တော်ကို စစ်မြေပြင်သဖွယ် ပြင်ဆင်နေရာယူထားတာပါ။ သံဃာနဲ့ ပြည်သူလူထုကို တကယ့် ရန်သူကြီးသဖွယ် ချေမှုန်းဖို့ အသင့်ပြင်ထားကြတာပါ။ ဒါလောက် ယုတ်မာ အောက်တန်းကျပြီး ပြည်သူကို ဒုက္ခအမျိုးပေးနေတဲ့ လက်တစ်ဆုပ်စာ အာဏာရှင်တစ်ခုရဲ့ အမိန့်အာဏာကို ဦးထိပ်ထားနေကြတဲ့ တပ်မှုးတွေ တပ်သားတွေကိုလည်း မေးချင်ပါတယ်။ ခင်ဗျားတို့ ကိုယ်ထဲမှာ အကြောက်တရားကလွဲလို့ ပြည်သူအတွက် အသက်အသေခံရဲတယ်ဆိုတဲ့ သတ္တိသွေး တစ်စက်မှမရှိကြတော့ဘူးလားဗျာ။ ခင်ဗျားတို့ သွေးတွေ ဖြူနေပြီလား။ ကြောက်တက်ရင် စစ်သားမလုပ်နဲ့။ တပ်မတော်ဆိုတာ ပြည်သူ့အတွက်။

ဒီသတင်းကို Ko Wunna ရဲ့ ဘလော့ဂ်နဲ့ CNN News တို့မှ ကိုးကားဖော်ပြပါတယ်။
Author: vanko
•10:38 PM
ဒီကနေ့ကျရောက်တဲ့ စစ်တပ်ကအကြမ်းဖက် အာဏာသိမ်းခဲ့တဲ့ နှစ် ၂၀ မြောက်နေ့၊ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့မတိုင်မီမှာ စစ်အစိုးရက လွတ်လပ်တဲ့ သတင်းမီဒီယာများရဲ့ ၀က်ဘ်ဆိုက်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေကို သတင်းအမှောင်ချထားဖို့ ကြိုးစားမှုဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဘယ်တော့မှ နအဖရဲ့ ယုတ်မာမှုအောက်မှာ ကျဆုံးသွားမှာ မဟုတ်ပါဘူး။ သတင်းဝက်ဘ်ဆိုက်တစ်ခု တိုက်ခိုက်ခံရရင် အခြားဝက်ဘ်ဆိုက်တွေက ပြည်သူကို အလင်းပြမယ်။ နောက် ကျွန်တော်တို့ ဘလော့ဂ်တွေက ပြည်သူအတွက် မှန်ကန်တဲ့သတင်းကို ဖော်ပြပေးကြမယ်။ ဘလော့ဂ်တစ်ခု အတိုက်ခိုက်ခံရရင် နောက်ထပ်ဘလော့ဂ်နှစ်ခုက၊ နောက်ထပ် ဘလောဂ်အခု ၂၀ က ပြည်သူ့အတွက် အလင်းပြမီဒီယာတွေဖြစ်ရမယ်။ ကျွန်တော်တို့ ဘယ်တော့မှမကျဆုံးဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ အခုလတ်တလော အတိုက်ခိုက်ခံနေရတဲ့ ဧရာဝတီသတင်းဌာနရဲ့ ယာယီဘလော့ဂ်မှာ ဖေါ်ပြထားတဲ့ “စစ်အစိုးရ၏ ဆိုက်ဘာစစ်ဆင်ရေး” ဆိုတဲ့ သတင်းလေးကို ပြန်လည်တင်ပြချင်ပါတယ်။ ဧရာဝတီသတင်းဌာနကို ကြိုတင်ခွင့်မတောင်းနိုင်တာကိုတော့ ခွင့်လွတ်ဖို့တောင်းပန်ချင်ပါတယ်။

စစ်အစိုးရ၏ ဆိုက်ဘာစစ်ဆင်ရေး
ဧရာဝတီ | စက်တင်ဘာ ၁၈၊ ၂၀၀၈

၁၉၈၈ ခုနှစ် ကျောင်းသားများဦးဆောင်ခဲ့သော ဒီမိုကရေစီရေးအုံကြွမှုကြီးကို နှိမ်နင်းခဲ့သည့် စစ်အာဏာ သိမ်း အထိမ်းအမှတ်နေ့အားဖြင့်သော်လည်းကောင်း၊၂၀၀၇ ခုနှစ် ရဟန်းသံဃာတော်များဦးဆောင်ခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးစတင်ခဲ့သော အထိမ်းအမှတ်နေ့အားဖြင့်သော်လည်းကောင်း၊ စစ်အစိုးရသည် ဧရာဝတီ အပါအဝင်ပြည်ပအခြေစိုက် မြန်မာသတင်းဌာနများ၏ ဝက်ဘ်ဆိုက် website များကို ထပ်မံ တိုက်ခိုက်ပြန်ပြီ ဖြစ်သည်။

ယမန်နှစ် စက်တင်ဘာလအတွင်း စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို ပြည်ပအခြေစိုက် အင်တာနက် သတင်းဌာနများ၊ ဘလော့ဂါများ၊ ပြည်တွင်းအခြေစိုက် သတင်းထောက်များက မိနစ် မဆိုင်း သတင်းအချက် အလက်များနှင့်ဓာတ်ပုံများကို ထုတ်ပြန်ပေးခဲ့သည်။ ဤ ထုတ်ပြန်ချက်များကို အပြည်ပြည် ဆိုင်ရာသတင်း ဌာနကြီးများမှတဆင့် ကမ္ဘာ့လူထုက ကြည့်ရှုခွင့်ရခဲ့သည်။ ယခုအခါ စစ်အစိုးရက လက်စားချေ တုံ့ပြန်သည် ဟု ယူဆရသည်။

အင်္ဂါနေ့မှစ၍ မြန်မာပြည်တွင်းရှိ ဆက်သွယ်မှုနှုန်းများကို စစ်အစိုးရကလျှော့ချခဲ့သည်။ အင်တာနက်ကဖေး များကလည်း လုံခြုံမှုမရှိတော့၊ လာရောက်သုံးစွဲသူများအနေဖြင့် မှတ်ပုံတင်အစစ်ခံရပြီး ရဟန်းသံဃာတော် များဆိုလျှင် စစ်ထောက်လှမ်းရေးများက ရာဇာဝတ်သားသဖွယ်ပြုမှုဆက်ဆံကြောင်း သိရှိရသည်။

ဗုဒ္ဓဟူးနေ့မှစ၍ အမေရိကန်၊ ဂျပန်၊ မလေးရှားရှိ စာဖတ်ပရိသတ်များက ဧရာဝတီ ဝက်ဘ်ဆိုက်များသို့ ဝင်ရောက် ကြည့်ရှု၍ မရတော့ဟု အကြောင်းကြားလာသည်။ များမကြာမီ ဧရာဝတီ ဝက်ဘ်ဆိုက် သိုမှီးရာ ထိုင်းနိုင်ငံအခြေစိုက် အကြီးဆုံးဆာဘာဖြစ်သော I– NET က မိမိတို့ ဝက်ဘ်ဆိုက်ကို(DDoS)ဖြင့် တိုက်ခိုက် ခံရကြောင်း အကြောင်းကြားလာသည်။ နောက်ဆုံး မိမိတို့ဝက်ဘ်ဆိုက်ကိုဖြုတ်သိမ်းရန် I-NET က ဆုံးဖြတ် ခဲ့သည်။

မိမိတို့ဧရာဝတီ အရံဝက်ဘ်ဆိုက် mirror site ကိုလည်း ထပ်မံတိုက်ခိုက်လာရာ ဝက်ဘ်ဆိုက်သိုမှီးရာ အမေရိကန်ပြည်ထောင်စုအခြေစိုက် Singlehop အနေဖြင့် ဧရာဝတီဆိုက်ကို ဖြုတ်သိမ်းလိုက်ရသည်။ Singlehop က ယခုတိုက်ခိုက်မှုမှာ အင်မတန်မှအဆင့်မြင့်ကြောင်း ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် ဆိုက်ဘာ စစ်ဆင်ရေးနည်းပညာများသင်ကြားရန် ရုရှနိုင်ငံသို့ ကျောင်းသားများ စေလွှတ်နေသည်မှာ လူအများအသိပင်ဖြစ်သည်။ ထို့အပြင်နိုင်ငံတကာရှိ ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်သူ များကို ဈေးကြီးပေး၍ ငှားရမ်းအသုံးပြုကြောင်းလည်း ကြားသိနေရသည်။ ယင်းရာဇဝတ်ကျူးလွန်သူများမှာ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် ဥရောပနိုင်ငံများတွင် အခြေစိုက်သည်ဟု ယူဆရသည်။

စစ်အစိုးရအနေဖြင့် အနှစ်၂၀ ကြာပြီးနောက် ၎င်းတို့၏စစ်မြေပြင်ကို မြို့ပြလမ်းမများ၊ တောတွင်းတိုက်ပွဲများမှ ကွန်ပျူတာ အင်တာနက် ကွန်ယက်ထဲသို့လည်း ရွှေ့ပြောင်းလာခဲ့ပြီဖြစ်သည်။

သို့ရာတွင် ဧရာဝတီအပါအဝင် လွတ်လပ်သောသတင်းဌာနများအနေဖြင့် လက်မှိုင်ချအရှုံးပေးသွားမည် မဟုတ်ပေ။

စစ်အစိုးရ၏ ကြေးစားရာဇဝတ်သားများ အနေဖြင့် အင်တာနက် ဝက်ဘ်ဆိုက်ကွန်ယက် ထဲသို့ဝင်ရောက် ဖျက်ဆီးနိုင်ကောင်း ဖျက်ဆီးနိုင်မည်ဖြစ်သော်လည်း မိမိတို့၏ သံန္နိဌာန်ကိုမူ ဖျက်ဆီး၍မရနိုင်ပေ။

ယခုအခါ ဧရာဝတီစာဖတ်ပရိတ်သတ်များအနေဖြင့် နေ့စဉ်ပုံမှန်ဖတ်ရှုနိုင်ရန်အတွက် ဧရာဝတီဘလော့ ကို ယာယီပြုလုပ်ထားပြီး ဖြစ်သည်။