Author: vanko
•11:57 PM

auntbubbiesfakefood.com

အချစ်ရယ်
ပေါင်မုန့်တစ်လုံးရယ်
ဘဝကို
ငါရောင့်ရဲနိုင်ပါတယ်...

သောကရွက်ကြွေ
မျက်ရည်မိုးစက်တွေ
အညှာအတာကင်းတဲ့နှင်းတွေကြား
ဘဝခရီးပြင်းကို
တွန်းထိုးရုန်းကန်ခဲ့ပြီ...

ဒီနေရာမှာ
ခြေစုံရပ်ပြီး
ဘဝကို ပြန်ငေးကြည့်မိတော့
ငါပိုင်ဆိုင်သမျှဟာ
ပေါင်မုန့်တစ်ပိုင်းနဲ့
အချစ်သုညသာ...။
Author: vanko
•1:09 AM

www.thecolor.com

အဲဒီ
ပြာလဲ့လဲ့အခန်းထဲက
ခရမ်းနုရောင်စားပွဲမှာထိုင်လို့
တတိယမြောက်ဝိုင်ခွက်ကို
ငေးမောနေရင်းပေါ့
ငါ့ညနေခင်းထဲကနေ
ကြယ်လေးတစ်စင်းကို
မြင်မိတယ်

နာရီတွေကရပ်တန့်
ပန်းချီကားထဲက
နှင်းဆီပန်းရနံ့
အခန်းထဲမှာ သင်းပျံ့နေခဲ့ပေါ့
သံစဉ်ဆွံ့အနေတဲ့
တေးသွားတစ်ပုဒ်ကတော့
တစ်ပိုင်းတစ်စစီပြန့်ကျဲလို့

စက္ကူငှက်တွေက
ကောင်းကင်ထဲမှာတေးဆို
သစ်ပင်အိုတွေက
နာကြည်းတာလား
ရောင့်ရဲတာလား
ဝေခွဲမရနိုင်တဲ့အပြုံးနဲ့
ဟိုးအဝေးဆီက
တောင်ကုန်းတွေကိုငေးမောလို့..

ငါ့နှလုံးသားထဲကိုရော
မြင်နိုင်ကြပါ့မလား..

ဘ၀အမောတွေနဲ့
အံသေနေတဲ့လက်တစ်စုံထဲကနေ
ခဏခဏလွတ်ကျကွဲတက်တဲ့
မျှော်လင့်ခြင်းတွေ..
ဖယောင်းတိုင်တစ်ချောင်းလို
တမြေ့မြေ့ကျွမ်းလောင်ရင်း
အရည်ပျော်ကျနေတဲ့
အိပ်မက်တွေ..

မေမေရေ
ယုံကြည်ချက်လမ်းမပေါ်မှာ
သားတော့
ခေါင်းမဖော်နိုင်အောင်
မူးခဲ့ပေါ့

ချစ်သူရေ..
မင်းရောက်လာတာ
နောက်ကျလိုက်တာကွယ်

လာပါ
ပန်းရနံ့သင်းတဲ့
စိမ်းလန်းမြက်ခင်းပြင်မှာ
ခြေဗလာနဲ့
လျှောက်ကြရအောင်လေ
ဘယ်အထိ
အတူရှိနေနိုင်မယ်မသိတဲ့
တစ်ချိန်အထိပေါ့

ငှက်ကလေးတွေရဲ့
ငြိမ်းချမ်းရေးတေးသွား
မင်းနှလုံးသားထဲအထိ
စီးဆင်းသွားပါစေလေ

ကြည့်စမ်းပါ
တိမ်ညိုရိုင်းတွေက
ဟိုးအဝေးမိုးကုတ်စက်ဝိုင်းမှာ
ကဆုန်ဆိုင်းလို့

မိုးသားရှေ့က
လေနုအေးကလေးကို
ခံစားမိရဲ့လားအချစ်ရေ

အို..
မိုးတွေရွာတော့မှာပဲ
တို့တွေအိမ်ပြန်ဖို့
အချိန်တန်ခဲ့ပေါ့
မလှပတော့မယ့်
ငါ့ရဲ့ညခင်းတွေကို
မင်းအတွက်ဆို မပေးချင်..

ကြွေမကျချင်ပါနဲ့
တကယ်တော့မင်းဟာ
ကောင်းကင်မှာတောက်ပနေရမယ့်
ကြယ်လေးတစ်စင်းပါ
ငါ့ရဲ့ညခင်းတွေထဲကနေ
မင်းရဲ့အလင်းတွေကိုငေးကြည့်ရင်း
ကျေနပ်ခွင့်ပေးပါ
(ငါ့ရဲ့)ကြယ်စင်လေးရေ...။
Author: vanko
•12:15 AM

blog.webshots.com

To The One I Love

And if eternity is the time I must wait
Than I will wait all eternity
For as the earth crumbles away
My feelings are indestructible
And if you keep going on your way
I'm afraid to say
I may always be trapped in this game
For as long as the sun rises
And the stars shine
My feeling for you will stay the same

Love Hurts
Author: vanko
•11:38 AM


Fable of the Mermaid and the Drunks

All those men were there inside,
when she came in totally naked.
They had been drinking: they began to spit.
Newly come from the river, she knew nothing.
She was a mermaid who had lost her way.
The insults flowed down her gleaming flesh.
Obscenities drowned her golden breasts.
Not knowing tears, she did not weep tears.
Not knowing clothes, she did not have clothes.
They blackened her with burnt corks and cigarette stubs,
and rolled around laughing on the tavern floor.
She did not speak because she had no speech.
Her eyes were the colour of distant love,
her twin arms were made of white topaz.
Her lips moved, silent, in a coral light,
and suddenly she went out by that door.
Entering the river she was cleaned,
shining like a white stone in the rain,
and without looking back she swam again
swam towards emptiness, swam towards death.

Pablo Neruda


Pablo Neruda (July 12, 1904 – September 23, 1973)ပါဘလိုနီရူးဒါးရဲ့ ကဗျာတစ်ပုဒ်ပါ။ ရိုးရိုးရှင်းရှင်းနဲ့ ပုံပြင်လေးတစ်ပုဒ်လို ရေးဖွဲ့ထားတာပါ။ လမ်းပျောက်နေရှာတဲ့ ရေသူမလေးတစ်ယောက် အင်း.. ဒါမှမဟုတ်လည်း ရေသူမလေးတစ်ကောင်ပေါ့လေ အရက်မူးနေတဲ့လူတွေကြားထဲကို ရောက်လာရှာသတဲ့။ မြစ်ထဲကလာတဲ့ သူမအတွက်တော့ ဒီလောကမှာ အသစ်ဖြစ်နေတာပေါ့။ လောကကြီးအကြောင်းကို ဘာမှမသိရှာပါဘူးတဲ့။ အရက်သမားတွေက သူမကို တံတွေးတွေနဲ့ထွေးကြတယ်။ ရုန့်ရင်းကြမ်းတမ်းစွာ၊ ညစ်ညမ်းယုတ်မာစွာ စော်ကားကြတယ်။ သူမရဲ့ ကြည်လင်တောက်ပတဲ့ အသားအရေနဲ့ ရွှေရောင်ရင်သားအစုံမှာ အဲဒီ ညစ်ညမ်းမှုတွေနဲ့ ဖုံးလွမ်းသွားခဲ့ရပေါ့။ မျက်ရည်ဆိုတာကို မသိတဲ့ သူမကတော့ မျက်ရည်မကျခဲ့ပါဘူး။ မီးကျွမ်းထားတဲ့အရက်ပုလင်းဆို့တွေ စီးကရက်တိုတွေနဲ့ သူမတစ်ကိုယ်လုံးကို ညစ်ပေမည်းမှောင်သွားအောင် လုပ်ပစ်ခဲ့ကြတယ်။ ပြီးတော့ အဲဒီအရက်ဘား ကြမ်းပြင်ပေါ်မှာပဲ အရူးတွေလို လူးလှိမ့်ရယ်မောကြသေးသတဲ့။

သူမကတော့ ပြောစရာစကားဆိုတာ မရှိတဲ့အတွက် အစော်ကားခံရမှုတွေအတွက် စကားတစ်ခွန်းတောင် မပြောခဲ့နိုင်ရှာပါဘူးတဲ့။ နောက်ဆုံးမှာတော့ ၀င်လာတဲ့တံခါးကပဲ ပြန်ထွက်သွားခဲ့ရှာတယ်။ သူမရဲ့ကိုယ်ပေါ်က ညစ်ထေးမှုတွေကို မိုးရေထဲက ကျောက်ဖြူတုံးလေးတစ်ခုလို ဖြူဖွေးတောက်ပသွားအောင် ဆေးကြောပေးမယ့် မြစ်ထဲကိုပဲပေါ့။ နောက်ကိုပြန်လှည့်မကြည့်တော့ဘူး။ ရေထဲမှာကူးခပ်သွားခဲ့တယ်။ အနှစ်မဲ့တဲ့ ဗလာဟင်းလင်းပြင်ဆီကို ကူးခပ်သွားခဲ့တယ်။ နောက်ဆုံးတော့ သေခြင်းတရားဆီကို ကူးခပ်သွားခဲ့ရှာတယ်။

ဒီကဗျာလေးကို ဖတ်ပြီးတော့ ရေသူမလေးကို သနားမိပါတယ်။ အရက်မူးသမားတစ်စုရဲ့ ရက်စက်စွာစော်ကားတာကို ခံခဲ့ရပြီး မြစ်ထဲမှာ သေဆုံးသွားရရှာတယ်။ ဒီကဗျာလေးနောက်ကွယ်မှာ ပုံပြင်လေးထက်ပိုတဲ့ အဓိပ္ပါယ်တွေ အများကြီးရှိတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ ပထမဆုံးကတော့ မိန်းမသားတွေဟာ ခေတ်အဆက်ဆက်မှာ ယောင်္ကျားတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကို ခံခဲ့ရတာပါတဲ့။ အထူးသဖြင့် စစ်ပွဲကာလတွေဆိုရင် အောင်နိုင်သူစစ်သားတွေဟာ မိန်းမသားတွေကို အနိုင်အထက်ကျူးလွန်တာဟာ တရားဝင်အခွင့်အရေးလို ဖြစ်နေပုံပေါ့။

နောက်တစ်ခုကတော့ နီရူးဒါးက လူတွေရဲ့ အရိုင်းအစိုင်းသာသာ အဆင့်အတန်းကို ပြောချင်တာပါတဲ့။ လူတွေဟာ တူရာတူရာစုပေါင်းမိရင် အထိန်းအကွပ်မဲ့တဲ့အခြေအနေရောက်ရင် လူ့ကျင့်ဝတ်တွေ ယဉ်ကျေးမှုတွေနဲ့ ထိန်းချုပ်ထားရတဲ့ အရိုင်းအစိုင်းစိတ်ဟာ ပေါက်ကွဲထွက်လာတက်တာကို ပြောချင်တာလို့ဆိုပါတယ်။ အရက်သေစာမူးယစ်ပြီး လူစိတ်ပျောက်ပြီး တိရိစ္ဆာန်သာသာစိတ်နဲ့ လမ်းပျောက်ရင်းရောက်လာရှာတဲ့ လှပအပြစ်ကင်းစင်တဲ့၊ ကုန်ကုန်ပြောရရင် လူသားမဟုတ်တဲ့ တိရိစ္ဆာန်မလေးတစ်ကောင်ကိုတောင် ၀ိုင်းပြီးစော်ကားလိုက်ကြတာကို ပုံဖော်ထားတာလို့ ဆိုပါတယ်။

တတိယကတော့ သဘာဝတရားနဲ့ လူ့ယဉ်ကျေးမှုထွန်းကားလာခြင်းရဲ့ ထိပ်တိုက်ဖြစ်မှုကိုပြောချင်တာပါတဲ့။ လူတွေရဲ့ နေထိုင်မှုစရိုက် ယဉ်ကျေးမှု အတက်ပညာတွေ ထွန်းကားလာလေလေ သဘာဝတရားနဲ့ ဆန့်ကျင်လာလေလေ ဖြစ်လာတဲ့ အနေအထားကို ပြောချင်တာပါ။ သဘာဝအရင်းအမြစ်တွေကို မဆင်မခြင် ထုတ်ယူသုံးစွဲမှု၊ သိလို့ပဲဖြစ်စေ မသိလို့ပဲဖြစ်စေ ဖျက်လိုဖျက်ဆီးပြုမှုတွေကြောင့် ရာသီဥတုတွေဖောက်ပြန်လာရတယ်။ ဒီနေ့ခေတ်အနေနဲ့ဆိုရင် စက်မှုအတက်ပညာထွန်းကားလာခြင်းနဲ့အတူ ကမ္ဘာမြေကြီးပိုမို ပူနွေးလာတယ်။ အိုဇုန်းလွှာပေါက်ပြဲမှုတွေ ဖြစ်လာတယ်။ ဒါတွေဟာ ကမ္ဘာမြေကြီးကို စော်ကားနေတာနဲ့ အတူတူပဲလို့ ပြောချင်ပုံရပါတယ်တဲ့။ ဒီပုံပြင်မှာတော့ သဘာဝဖြစ်တဲ့ ရေသူမလေးဟာ အရက်မူးသမားတွေကြောင့် သေဆုံးခဲ့ရတယ်။ တစ်နေ့နေ့မှာ သဘာဝတရားကြီးလဲ လူတွေကြောင့် ပျက်စီးသေဆုံးရမလား..။ နီရူးဒါးရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အတွေးဟာ ဒီနေ့အထိ လူသားတွေကို သတိပေးနေဆဲပဲလို့ ဆိုကြပါတယ်။

ဖတ်မိတဲ့ ကဗျာလေးတစ်ပုဒ်အကြောင်းကို ဝေမျှခံစားကြည့်ခြင်းပါခင်ဗျာ။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
Author: vanko
•1:44 AM


What is Life?

Life is a challenge - meet it
Life is a gift - accept it
Life is a sorrow - over come it
Life is a tragedy - face it
Life is a mystery - unfold it - unsolve it
Life is a opportunity - take it
Life is a promise - complete it
Life is a struggle - fight it
Life is a goal - achieve it
Life is love - love it
Life can be adventures - have fun
Life is a duty - perform it
Life is a game - out smart it
Life is a beauty - praise it
Life is life - live it - make of something good of it

ဒီစာကလေးက Jessica Workman ဆိုတဲ့ ၁၅ အရွယ်ချာတိတ်လေးတစ်ယောက် ရေးထားတဲ့ ကဗျာပါတဲ့။ ဒါပေမယ့် ဒီစာစုလေးတွေက ကျနော်တို့ ငယ်ငယ်ကတည်းက ဖတ်ဖူးနေတဲ့ စာအတိုလေးတွေပါ။ သူကပြန်ပြီး စုစည်းထားတဲ့ သဘောပဲ ဖြစ်မယ်ထင်ပါတယ်။ လျှာရှည်ပြီး ဘာသာမပြန်တော့ပါဘူးနော်။ ၅ ကြောင်းမြောက်က unsolve it ဆိုတာကတော့ Grammar အရ မှားနေတယ်ထင်ပါတယ်။ ဒါပေမယ့် သူ့မူရင်းအတိုင်းပဲ ဖေါ်ပြလိုက်ပါတယ်။ ၁၁ ကြောင်းမြောက်က Life can be adventures - have fun ဆိုတာမှာလည်း ကျနော် ငယ်ငယ်ကတည်းက မှတ်မိတာကတော့ Life is an adventure - dare it ပါ။ ဒါက ပိုပြီး သင့်လျှော်မယ်လို့ ထင်တာပဲနော်။

Life is Fine

I went down to the river,
I set down on the bank.
I tried to think but couldn't,
So I jumped in and sank.

I came up once and hollered!
I came up twice and cried!
If that water hadn't a-been so cold
I might've sunk and died.

But it was Cold in that water! It was cold!

I took the elevator
Sixteen floors above the ground.
I thought about my baby
And thought I would jump down.

I stood there and I hollered!
I stood there and I cried!
If it hadn't a-been so high
I might've jumped and died.

But it was High up there! It was high!

So since I'm still here livin',
I guess I will live on.
I could've died for love--
But for livin' I was born

Though you may hear me holler,
And you may see me cry--
I'll be dogged, sweet baby,
If you gonna see me die.

Life is fine! Fine as wine! Life is fine!

Langston Hughes
(1902 - 1967)

ဘ၀ဆိုတာ နေပျော်စရာ

မြစ်ကမ်းနားကိုဆင်းခဲ့သပ
ကမ်းစပ်မှာထိုင်ခဲ့တယ်
တွေးလေတွေးလေ အဖြေမရ
ရေထဲခုန်ချ သေလိုက်တယ်။

တစ်ကြိမ်ပြန်အပေါ်မှာ အကျယ်ကြီးအော်တယ်
နှစ်ကြိမ်မြောက်မှာ အော်ငိုတယ်
တကယ်လို့သာ အဲလောက်ကြီးမအေးခဲ့ရင်ပေါ့
ငါ့ကိုယ်ငါ ရေနစ်သေမိမှာပါ။

အခုတော့ ရေကသိပ်အေးလွန်းတယ်.. အရမ်းကိုအေးလွန်းတယ်လေ..။

ဓါတ်လှေခါးနဲ့ပေါ့
ဆယ့်ခြောက်ထပ်ကို တက်ခဲ့တယ်
အချစ်ကလေးအကြောင်းကို တွေးမိပေါ့
ခုန်ချလိုက်တော့မယ် စဉ်းစားခဲ့တယ်

အဲဒီမှာရပ်ရင်း အကျယ်ကြီးအော်တယ်
အဲဒီမှာရပ်ရင်း အော်ငိုမိတယ်
တကယ်လို့သာ အဲလောက်မမြင့်ရင်ပေါ့
ငါ့ကိုယ်ငါ ခုန်ချသတ်သေမိမယ်

အခုတော့ အရမ်းမြင့်လွန်းနေတယ်.. သိပ်ကိုမြင့်နေတယ်လေ..။

အင်း.. အဲဒီအချိန်ကတည်းက
အခုထိအသက်ရှင်နေတုံးပဲ
အချစ်အတွက် သေတော့မလို့
ဒါပေမယ့် မွေးဖွားလာတဲ့အတွက် ရှင်သန်ရဦးမယ်။

ငါအော်တာတွေ ငါငိုတာတွေကို
မင်းတွေ့ချင်တွေ့လိမ့်ပေမပေါ့ အချစ်ကလေးရေ
ဒါပေမယ့် ငါကတော့ လွယ်လွယ်နဲ့ အရှုံးပေးမှာမဟုတ်ဖူး
မင်းကငါ့ကိုသေစေချင်နေတယ် ဆိုရင်တောင်ပေါ့လေ..

ဘ၀ဆိုတာ သိပ်ကိုကောင်းတယ်..
ဝိုင်အရက်လို နူးညံ့တယ်..
ဘ၀ဆိုတာ နေပျော်စရာ..။

ဒီကဗျာကတော့ အမေရိကန်နီဂရိုးကဗျာဆရာ စာရေးဆရာ Langston Hughes (1902 - 1967)ရဲ့ လက်ရာပါ။ တိုက်ရိုက်ဘာသာပြန်ထားတာ သိပ်တော့ စိတ်တိုင်းမကျပါဘူး။ ဒါပေမယ့် လာလည်ကြတဲ့ သူငယ်ချင်းတွေကို အားနာလွန်းလို့ ဒီနေ့တော့ ပို့စ်တစ်ခု ရအောင်တင်မယ်ဆိုပြီး ချက်ချင်းရေးခဲ့တာပါ။ ဖတ်ရတာ အဆင်မပြေရင် တောင်းပန်ပါတယ်ဗျာ။ ပုံကတော့ အရင် ဘ၀ထဲမှာ ပို့စ်ကပုံလေးပဲ ပြန်တင်လိုက်ပါတယ်။ လှတယ်ဟုတ်။ :P

သူငယ်ချင်းများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
Author: vanko
•7:16 PM

တစ်နေ၀င်တာကို
ငေးမောရင်း
ကြွေသွားတဲ့ မနက်ခင်းတွေကို
နှမြောနေမိတာ…

တိမ်တွေနဲ့အတူ
ပျံသန်းလိုက်ချင်ပေမယ့်
မြေပေါ်မှာလမ်းလျှောက်ပြီး
မြေကြီးကို ခင်တွယ်တက်တာ…

ဘာကိုမှ
မစွဲလန်းဘူးပြောပေမယ့်
အိပ်မက်ဟောင်းတွေကြောင့်
အိပ်ရေးပျက် ပျက်နေတက်တာ…

စာအုပ်၊ ဂီတနဲ့ အချစ်ကို
မြတ်နိုးပေမယ့်
ငွေရှိရင် ပိုပြီးပျော်နိုင်မယ်
ထင်နေတက်တာ…

ဘ၀ဆိုတာ
တကယ်ပဲ ဒိုးနပ်တစ်ခုဆိုရင်
အနှစ်သားနဲ့ အကာ
ဘယ်ဟာပိုများနေလဲ
ဝေခွဲမရတက်တာ…

မွေးကတည်းက
အနိစ္စ၊ အနိစ္စ
တဖွဖွကြားဖူးပြီးသားပေမယ့်
မသေချာခြင်းနိယာမကို
အဆန်းထင်နေတက်တာ…

ပြူတင်းပေါက်က
ကွင်းစိမ်းစိမ်းလေပြေကို
နှစ်ခြိုက်ခုံမင်ပေမယ့်
အဲယားကွန်းမရှိရင်တော့
မဖြစ်ဖူးထင်နေတက်တာ…

လောကကြီးက
ဖတ်မကုန်တဲ့စာအုပ်
လူတွေကိုဖတ်ရတာ
စိတ်ဝင်စားစရာဆိုပေမယ့်
စာတစ်အုပ်နဲ့ ငြိမ်သက်နေချင်တာ…

လရောင်အောက်မှာ
သီချင်းသံကိုခံစားရင်း
ပိုးစုန်းကြူးတွေလို
ပျံသန်းချင်ပေမယ့်
အမှောင်ကိုကြောက်တက်တာ…

အယူသီးတဲ့
ဓလေ့ထုံးတမ်းတွေကို
လက်ခံဖို့ ငြင်းဆန်တက်ပေမယ့်
ကြယ်ကြွေတာတွေ့ရင်
ဆန္ဒပြုမိတက်တာ…

ကြယ်တွေစုံတဲ့
စင်္ကြာဝဠာကြီးရဲ့ဝတ်ရုံ
အမှောင်ညကောင်းကင်ကို
အသက်ရှုရပ်လောက်အောင်
အံ့သြငေးမောရင်း
အတွေးတွေ ကဆုန်ဆိုင်းရတာ
နှစ်ခြိုက်ပေမယ့်
မီးပျက်တဲ့ညတွေကို
စိတ်ပျက်တက်တာ…

စမ်းရေစီးသံ
ဝါးရွက်လေတိုးသံ
ငှက်ငယ်မြည်သံ
ရေပလုံစီသံ
ယာတောသံ
ကလေးရယ်သံ
မျက်စိမှိတ်လို့
ပျော်ဝင်လိုက်ချင်ပေမယ့်…
မာနသံ
အတ္တသံ
ငြင်းခုံသံ
ပြိုင်ဆိုင်သံ
မေးငေါ့သံ
မနာလိုသံ
မောဟိုက်သံ
နွမ်းလျှသံ
တမ်းတသံ
အသည်းကွဲသံ
ဆူညံသံတွေနဲ့
မြို့ပြလမ်းတွေပေါ်မှာ
ယိမ်းထိုးပြေးလွှားနေတဲ့
ခြေထောက်တွေကို
မရပ်တန့်ချင်တာ…

အဲဒါ..
ကျွန်တော်မဟုတ်တဲ့
ကျွန်တော်ပါ။
Author: vanko
•9:55 PM

ဒီနေ့နေသာတယ်
ဒါ…ပျော်စရာပဲ။

လေအတိုးမှာ ဗံဒါရွက်တွေ
တဖြုတ်ဖြုတ်ခုန်ချကြတယ်။
မြေပြင်နဲ့မထိခင်အထိတော့
လေဟုန်စီးနိုင်သားပဲ
ဒါလည်းပျော်စရာတစ်ခုပေါ့။

ရေတံခွန်ဘေးမှာ
ရပ်နေတဲ့ကလေးကတော့
နတ်တွေရဲ့ ဂီတသံကိုကြားရသတဲ့
ဒါလည်းပျော်စရာပဲပေါ့။

စက္ကူစွန်တွေ
နှောင်ကြိုးတန်းလန်းနဲ့
ငှက်တွေနဲ့တောင်
စကားလက်ဆုံကျကြသတဲ့
ဒါလည်းပျော်စရာတစ်ခုပဲ။

အလုပ်ကအပြန်
လမ်းပေါ်ကကလေးတွေ
ကန်လိုက်တဲ့ဘောလုံးက
ရွှံ့အလူးလူးနဲ့ လာမှန်တယ်
အား…ဒါလည်းပျော်စရာပဲဗျ။

ညမှောင်တော့
လရောင်က ပိုလင်းသပေါ့
ပိုးစုန်းကြူးလဲ
သူ့အလင်းနဲ့ အဆင်းနဲ့တဲ့
ဒါလည်းပျော်စရာတစ်ခုပဲ။

မနက်ဖြန်တော့
မိုးရွာမယ်ထင်တယ်
အင်း… ဒါလည်းပျော်စရာပါပဲ။

ကဗျာမဟုတ်၊ စာမဟုတ်ပါဗျာ။ ပျင်းပျင်းနဲ့လျှောက်ရေးထားတာပါ။ "ချင်" Chin Shengt'an ရဲ့ ပျော်စရာတွေကို အားကျလို့လည်းပါပါတယ်။ ရေတံခွန်ဘေးက ကလေးဆိုတာကတော့ George Barker ရဲ့ O' Child Beside the Waterfall ကဗျာကို ညွှန်းတာပါ။ ပုံကတော့ အနော်ဆွဲထားတာပေါ့.. ဟိ ဟိ။ လှတယ်ဟုတ်..။ :P အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ။
Author: vanko
•12:38 PM

http://ovan.be/images

အချစ်၏ဒဿန
ရှယ်လီ

ရေပန်းကနေ ဖြာကျလာတဲ့ရေတွေဟာ
မြစ်ရေနဲ့ ပေါင်းစည်းသွားကြသတဲ့။
တသွင်သွင်စီးနေတဲ့ နဒီရေအလျဉ်ကတော့
ပင်လယ်ပြင်နဲ့ ပေါင်းဆုံစည်းသတဲ့။
ကောင်းကင်သုခဘုံမှာ တိုက်ခတ်နေတဲ့လေပြေဟာ
အမြဲထာဝရ ချိုမြတဲ့စိတ်ခံစားမှုနဲ့ ရောယှက်နေသတဲ့။
ဒီကမ္ဘာကြီးပေါ်မှာ ...
ဘယ်တစ်ခုမှ အထီးကျန်မဆန်ပါ။
(နတ်ဘုရားတို့ရဲ့)
အံ့သြစရာ ဆန်းကျယ်တဲ့ဥပဒေသအတိုင်း
အရာရာတိုင်းမှာ
ရောယှက်ပေါင်းဖက်စရာရှိစမြဲပါ။
ချစ်သူရေ ...
ဘာလို့များ မင်းနဲ့ငါ မပေါင်းဖက်နိုင်ရတာလဲကွယ် ...။

ကြည့်လိုက်စမ်းပါ ...
တောင်တန်းတွေက ကောင်းကင်နတ်ဘုံကို
ထိနမ်းနေကြတယ်။
ရေလှိုင်းတွေက အချင်းချင်း
တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားကြတယ်။
သူတို့ရဲ့နောင်တော်ပန်းပွင့်တွေကို
အဖက်မတန်သလို ဆက်ဆံမယ်ဆိုရင်
နှမငယ်ပန်းပွင့်လေးတွေကို
ခွင့်လွတ်စရာ လမ်းမမြင်ပေဘူးပေါ့။
နေရောင်ခြည်က ကမ္ဘာမြေကြီးကို
တင်းတင်းကြပ်ကြပ် ပွေ့ဖက်လွှမ်းခြုံထားသလို
လမင်းအလင်းရောင်ကလည်း
ပင်လယ်ပြင်အမှောင်ညကို
ယုယုယယနမ်းရှုံ့လို့ပေါ့။
ချစ်သူရေ ...
တကယ်လို့သာ
မင်းရဲ့အနမ်းကို ငါခံယူခွင့်မရခဲ့ရင်
အဲဒီအနမ်းတွေအားလုံးဟာ
ဘာများတန်ဖိုးရှိပါဦးမလဲကွယ် ...။

ဒီကဗျာလေးက အင်္ဂလိပ်ကဗျာဆရာ Percy Bysshe Shelley (August 4, 1792 – July 8, 1822) ရဲ့ Love's Philosophy ကဗျာလေးကို ကျနော် ဘာသာပြန်ထားတာပါ။ ညီမလေးမက်မက်က ၄ ရက်အတွင်း ရေးပေးရမယ်လို့ tag ထားလို့ ကမန်းကတန်းဘာသာပြန်လိုက်ရပါတယ်။ (နို့မဟုတ်ရင် သူပြောသလို မပေါင်းရရင် ဒွက်ခ အဟိ)။ မူရင်းကို မဆုပ်ကိုင်မိရင် ကျနော်ရဲ့ ချို့ယွင်းအားနည်းချက်သာ ဖြစ်ပါတယ်။ အောက်မှာ မူရင်း ကဗျာလေးကိုပါ ဖော်ပြပေးလိုက်ပါတယ်။ နှစ်သက်တဲ့ကဗျာတွေက အများကြီးရှိပေမယ့် အများစုက အိမ်မှကျန်ခဲ့လေတော့ အင်တာနက်မှာ ကမန်းကတန်း ရှာလို့တွေ့သမျှလေးတွေက အချို့ဖြစ်ပါတယ်။ ကဲ...မက်မက် ကျေနပ်တော့နော်။ နောက်တစ်ခါ ဒွက်ခတွေ ပေးနဲ့တော့။ :)



Love's Philosophy

Percy Bysshe Shelley

The fountains mingle with the river,
And the rivers with the ocean;
The winds of heaven mix forever
With a sweet emotion;
Nothing in the world is single;
All things by a law divine
In another's being mingle--
Why not I with thine?

See, the mountains kiss high heaven,
And the waves clasp one another;
No sister flower could be forgiven
If it disdained its brother;
And the sunlight clasps the earth,
And the moonbeams kiss the sea;--
What are all these kissings worth,
If thou kiss not me?

ဒီတစ်ပုဒ်ကတော့ ဆရာကြီးဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာ အမှတ် ၃၈ ဖြစ်ပါတယ်။ ဒီကဗျာလေးကို လူတိုင်းလိုလိုသိကြတဲ့ ”အမှတ် ၁၀၊ ပန်းပန်လျက်ပဲ” ထက်ကို ကျနော်ပိုကြိုက်ပါတယ်။

ဒီရေသမီး
ဇော်ဂျီ

ဒီချောင်းမှာနေ၊ ဒီရေမှာကြီး။
ပီပေသည်ဒီရေသမီး၊ ချောင်းကောက်ကွေ့ခရီး။

ဒီတက်ချိန်တန်၊ မဆန်ဟုသူမငြင်း။
ဗေဒါဆွေဒီရေဦးမှာ၊ မြူးတက်လေခြင်း။

ဒီတက်ချိန်ကုန်၊ မစုန်ဟုသူမငြင်း။
ဗေဒါဆွေဒီရေကျမှာ၊ လှတက်လေခြင်း။

မတွေ့ချင်မမြင်ချင်၊ မ၀င်လိုသော်လည်း။
ဝင်လိုက်တယ်မယ်မလွှဲ၊ ချောင်းဒီဆိုင်ဝဲ။

မကွဲချင်မကွာချင်၊ မခွာချင်သော်လည်း။
ခွာလိုက်တယ်မယ်မစွဲ၊ ချောင်းရေဆိပ်တဲ။

ဆန်သူလည်းမဗေဒါ။
စုန်လိုက်သူဆိုလျှင်လည်း၊ သင်းပဲဗေဒါ။

အဆန်ရဲအမြဲသာ၊ စုန်ချိန်ခါ စုန်သည်ချည်း။
ပီပေသည်ဒီရေသမီး၊ ချောင်းကောက်ကွေ့ခရီး။

ဝင်သူလည်းမဗေဒါ။
ခွာလိုက်သူဆိုလျှင်လည်း၊ သင်းပဲဗေဒါ။

အ၀င်ရဲအမြဲသာ၊ အစဉ်ခွာ ခွာသည်ချည်း။
ပီပေသည်ဒီရေသမီး၊ ချောင်းကောက်ကွေ့ခရီး။

ငွေတာရီ၊ အမှတ် ၁၁၂၊ အောက်တိုဘာ ၁၉၆၉။


ဒီတစ်ပုဒ်ကတော့ ဆရာမောင်ချောနွယ်ရဲ့ ကဗျာလေးပါ။

ရေခဲပန်းနု
မောင်ချောနွယ်

ခလုပ်ကလေးနှိပ်လိုက်ရင်
တိပ်ကြိုးခွေက သီချင်းထွက်လာမယ်
“မင်းလက်ကလေးကို ကိုင်ချင်စမ်းလှတယ်”။

စက်ရုပ်လို
မလှုပ်ရှားချင်ပါဘူး
မုသားနိုင်ငံမှာ
အပြန်တရာသေပါစေ
အမှန်အတွက်တိုက်ပွဲဝင်မယ်။

သံလွင်မြစ်မျက်နှာပြင်မှာ
မောမြေရဲ့ရာဇ၀င်တွေ
ထင်ဟပ်ရဲပနေတယ်။

ရဲဘော်တို့သွေးဖြင့်
ချယ်ရီမွှေးလှပေရဲ့။

ထိုအတွေ့အမြင်
ဤယနေ့တွင်
သြော် .. ရင်ခုန်သံများ
ကြားပါစေ။

ကောင်းကင်ဘုံမှာ
အိပ်မပျော်ချင်ပါဘူး။

ဒီလောက
ဒီမြေကြီးပေါ်မှာပဲ
နှစ်နှစ်ချိုက်ချိုက်ကြီး
အိပ်ပျော်ချင်ပါတယ်။

ကျေးဇူးများစွာတင်ပါရဲ့
ဘုရားသခင်စောင့်ရှောက်တော်
မမူပါနဲ့။

သိရိခေတ္တရာမှ
ကဗျာဆရာလေးအသဲမှာ
ရေခဲပန်းနု
ယုယပါလော့ .. အိုအမေ။

ယန်စီမြစ်ရိုးမှ
လှေထိုးသူ့တေးသံကဗျာ
နားဝင်မှာငြိမ့်ညောင်းအောင်
တမ်းမက်စရာကောင်းလှပေတယ်။
Author: vanko
•6:30 PM

အချစ်တဲ့လား
မင်းရဲ့သစ္စာတရား
ငါ ဟားတိုက်လို့ ရယ်လိုက်ချင်ပေမယ့်
ငိုသံတွေပဲ...
လည်ချောင်းဝမှာ လျှံတက်လာတယ်...။

မြတ်နိုးခဲ့ရတဲ့
မင်းနာမည်ကို
ငါ ဟ,ဟ တောင် မရွတ်ရဲတော့ဘူး
မင်းကိုချစ်စိတ်နဲ့
တဆတ်ဆတ်တုန်နေတဲ့နှလုံးသား
ပါးစပ်ကနေအပြင်ကိုခုန်ထွက်သွားပြီး
ကွဲသွားမှာကြောက်လို့....။

ငါ့ထွက်သက်ဝင်သက်တိုင်းမှာ
မင်းနာမည်...
အိပ်မက်တိုင်းမှာ
မင်းအကြောင်း...
မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်နဲ့
စတေးခဲ့ရတဲ့ နေ့တွေ...

အဲဒီအချိန်တွေမှာ
မင်းသူနဲ့...
ချစ်စကားပြောနေတယ်။

မင်းရဲ့သစ္စာတရား..
ငါ ဟားတိုက်လို့ရယ်လိုက်ချင်ပေမယ့်
ငိုသံတွေပဲ..
လည်ချောင်းဝမှာ လျှံတက်လာတယ်...။
Author: vanko
•7:48 PM

ကမ္ဘာသစ်တေး
စိုင်းခမ်းလိတ်

ကမ္ဘာသစ်တစ်ခုကို ငါမြင်မက်ခဲ့တယ်၊
ဘယ်သူမှ ခြေမချသေးတဲ့ နယ်မြေပေါ့၊
ကောင်းကင်တစ်ခုလုံးကလည်း ကြည်လင်နေတယ်၊
ရေအလျဉ်ကလည်း
တသွင်သွင် စီးဆင်းနေတယ်၊
ဒါပေမယ့် အဲဒီနယ်မြေဟာ ဘယ်မှာလဲဆိုတာ
ငါမမှတ်မိတော့ဘူး။
တဒင်္ဂသာ မြင်မက်ခဲ့ရတဲ့
အိပ်မက်ထဲက ကမ္ဘာသစ်ကို ပြန်လည်ရောက်ချင်ပေမယ့်
ဘယ်မှာလဲဆိုတာ
ငါစဉ်းစားလို့ မရတော့ဘူး။
သယံဇာတ ပေါကြွယ်ဝတဲ့
ဒီဒေသရဲ့ အမည်ကိုလည်း
ငါမမေးမိခဲ့ဘူး။
ငါမှတ်မိတာတစ်ခုတော့ ရှိတယ်
ငါ့နားထဲမှာ ပဲ့တင်ထပ်နေတယ်။
“ညီညီညွတ်ညွတ်နဲ့ အားလုံးအတူတူလာပါ
ဒါမှ မဟုတ်၊ တစ်ယောက်မှ မလာနဲ့” တဲ့။

ဆရာစိုင်းခမ်းလိတ်ရဲ့ ရှမ်းဘာသာနဲ့ ရေးထားတဲ့ ကဗျာလေးပါ။ စိုင်းနွတ်(ပညာရေးတက္ကသိုလ်)က ဘာသာပြန်ပေးထားတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်လောက်က ပိတောက်ပွင့်သစ် (နိုဝင်ဘာ) မဂ္ဂဇင်းထဲက ကူးထားတာပါ။ ပြန်ဖတ်မိပြီး စိတ်ထဲမှာ တစ်ခုခု ခံစားရလို့ ပို့စ် တင်ပေးလိုက်တာပါ။ သက်ဆိုင်သူတွေကို ခွင့်မတောင်းနိုင်တာကိုတော့ နားလည်ခွင့်လွတ်ပေးပါလို့ တောင်းပန်ပါတယ်။
Author: vanko
•7:45 AM

လောကကြီးရဲ့ မတရားပုံများ
ငါ့နှလုံးသားကို ငါပြန်စားပြီး အသက်ရှင်နေရတယ်။

ပရိုမီးသီးယပ်စ်က လူသားတွေအတွက်
မီးကိုခိုးယူပေးလို့တဲ့...
နေ့စဉ်နေ့တိုင်း အသည်းကို
ဖောက်ထုတ်စားသောက်ခံရ...
အဲဒီဝေဒနာပြင်းပြင်းကို
အသစ်သစ်ထပ်ခံရဖို့ ...
သူ့အသည်းဟာ ညမှာ အသစ်တဖန်ပြန်ဖြစ်
မဆုံးနိုင်တဲ့ နာကျင်မှုဝဋ်ကြွေး
ပေးဆပ်နေရရှာတယ်။

ငါကကော....

ပရိုမီးသီးယပ်စ်ရေ
ခင်ဗျားထက် ကျွန်တော်ကဆိုးပါတယ်။

သူ့ကိုချစ်နေလို့တဲ့..
ရှင်သန်နေရင်း
တနေ့ခင်းလုံး
ကိုယ့်နှလုံးသားကို ကိုယ်ပြန်စားလို့
ကိုယ့်နှလုံးသွေးကို ကိုယ်ပြန်သောက်ရ...
ညဘက်ရောက်တော့
မဟန်နိုင်တော့တဲ့ ခန္ဓာကို
ဝေဒနာအိပ်မက်တွေထဲကို ပစ်ချ...
ခံစားစရာ နှလုံးသား
ကုန်ဆုံးသွားပြီလားလို့ ...

ဒါပေမယ့်
နောက်တစ်နေ့မနက်မိုးလင်းတိုင်း
ဝေဒနာအသစ်သစ်တွေခံစားဖို့
နှလုံးသားက အသစ်ရောက်လာပြန်ပေါ့၊
ဒီလိုနဲ့ ...
အဲဒီနှလုံးသားကို စားသောက်
သွေးတောက်တောက်ကျရပြန်ပေါ့၊

မဆုံးနိုင်တော့တဲ့ဝဋ်ကြွေးလား
ဒီဘ၀မှာတင် ပြေပါစေတော့...။
Author: vanko
•12:38 PM
O Child beside the Waterfall
What songs without a word
Rise from those waters like a call
Only a heart has heard-
The Joy, the Joy in all things
Rise whistling like a bird.

O child beside the Waterfall
I hear them too, the brief
Heavenly notes, the harp of dawn,
The nightingale on the leaf,
All, all, dispel the darkness and
The silence of our grief.

O child beside the Waterfall
I see you standing there,
With Waterdrops and fireflies
And hummingbirds in the air,
All singing praise of paradise,
Paradise everywhere.

George Barker

This is 'Test' page.

Author: vanko
•8:15 PM

If

You had but five miunts left to live,

What would you do?

Would you lie within your lover's arm?

Or else ...

Try meditating?

Or else ...

Cry out for peace in Vietnum?

Or else ...

Plant flowers?

Do please tell me

If you had but five minutes left to live,

What would you do?

Mg Pan Hmwe

Trans: Khin Aye Thet


တကယ်လို့ 
မင်းဟာ ငါးမိနစ်သာအသက်ရှင်ရတော့မယ်ဆိုရင်
မင်း ဘာလုပ်မလဲကွယ်။

ချစ်သူ့ ရင်ခွင်ကြားမှာပဲနေမလား၊ ဒါမှမဟုတ်...
တရားဘာဝနာပဲ အားထုတ်နေမလား။ ဒါမှမဟုတ်...
ဗီယက်နမ် ငြိမ်းချမ်းရေးအတွက်ပဲ ငိုကြွေးနေမလား။
ပန်းပင်လေးတွေပဲ စိုက်နေမလား။

ပြောစမ်းပါဦး..
မင်းဟာ ငါးမိနစ်သာ
အသက်ရှင်ရတော့မယ်ဆိုရင်...
မင်းဘာလုပ်မလဲ ဟင်...။

ဆရာမောင်ပန်းမွှေးရဲ့  ကဗျာလေးပါ။ ဒီကဗျာလေးရေးချိန်က ဗီယက်နမ်စစ်ပွဲ ဖြစ်နေချိန်ထင်ပါရဲ့ ။ ဒါကြောင့် ဗီယက်နမ် ငြိမ်းချမ်းရေးအတွက် လို့  ရေးခဲ့တာထင်ပါတယ်။ ဒီကဗျာလေးကို ဖတ်ရင်း တခြား စာတစ်ပုဒ်က ခေါင်းထဲရောက်လာပါတယ်။ ဘယ်သူရေးသလဲတော့ မမှတ်မိတော့ပါ။ “ဒီကနေ့ ကနေ နောင်အနှစ် ၂၀ ကြာတဲ့အခါမှာ၊ သင်လုပ်ခဲ့တာတွေထက် မလုပ်မိတာတွေကြောင့် နောင်တရနေ ရလိမ့်မယ်” တဲ့။ ဆိုလိုတာကတော့ဗျာ... ငယ်တုန်း ရွယ်တုန်း၊ အခွင့်အရေးတွေ ရနေတုန်းမှာ အရမယူနိုင်ခဲ့၊ မလုပ်ခဲ့မိတာတွေအတွက် နောင်တရနေရလိမ့်မယ်လို့  ပြောတာပါ။
တစ်ခါက ပန်းပုဆရာတစ်ယောက်ဟာ ခြေထောက်မှာ အတောင်ပံတစ်စုံပါတဲ့ အရုပ်တစ်ရုပ် ထုဆစ်ပြီး အခွင့်အလမ်း Opportunity လို့  အမည်ပေးထားပါသတဲ့။ သူက အခွင့်အလမ်းဆိုတာ အတောင်ပံတွေ ပါသတဲ့။ ခင်ဗျားရနိုင်တုန်းမှာ သူတို့ ကို အမိမဖမ်းနိုင်ရင် သူတို့ ဟာ အဝေးကို ပျံပြေးသွားကြမှာပဲတဲ့။
ကျွန်တော်ကတော့ နောက်ဆုံး ငါးမိနစ်ကို နောင်တတွေနဲ့  မကုန်ဆုံးချင်ပါဘူး။
ခင်ဗျားဆိုရင်ကောဗျာ...။